ဒီတစ်ပတ် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ ကစားပါမယ်။

ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁၄ ဂိုးပေးထားရတဲ့အသင်းနဲ့ ၁၇ ဂိုးရထားတဲ့အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအပေါ် လီဗာပူး ကစားသမားဟောင်း ဟက်စကီးက ဟောကိန်းထုတ်လိုက်တာပါ။

လူငယ်တွေကို နေရာပေးတဲ့ နည်းပြ ဖရန့်လမ်းပတ်ကို လီဗာပူး ကစားသမားဟောင်း ဟက်စကီး ချီးကျူး စကား ဆိုခဲ့ပေမယ့်လည်း ဒီတစ်ကြိမ် လီဗာပူးနဲ့အတွေ့မှာတော့ လူငယ်တွေ ကောင်းကောင်း ပညာပေးခံရလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



လမ်းပတ်အနေနဲ့ နည်းပြဖြစ်လာပြီးနောက် အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ အေဗရာဟင်၊ မေဆန်မောင့်နဲ့ တိုမိုရီတို့ကို ပွဲထုတ်ခဲ့ပါတယ်။



 ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဗလင်စီယာကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ လမ်းပတ်လက်ထက် ပြိုင်ပွဲစုံ ၇ ပွဲမှာ ပေးဂိုးက ၁၄ ဂိုးထိ ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ် ပြိုင်ရမယ့် လီဗာပူးအသင်းကတော့ ဆန့်ကျင်ဖက်ဖြစ်ပြီး ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁၇ ဂိုးထိ ရယူထားနိုင်တဲ့အပေါ်မှာတော့ လီဗာပူး ကစားသမားဟောင်း ဟက်စကီးက - “ လီဗာပူးပဲ နိုင်မယ်လို့ ထင်ပါတယ်။ဖရန့်က ကောင်းမွန်တာ မှန်ပေမယ့် လက်ရှိမှာ လူငယ်တွေကို အားကိုးနေရပါတယ်။ သူတို့ကို လွတ်လပ်စွာ ပေးကစားထားတယ်။ ဒါပေမယ့်သူတို့က ကောင်းမွန်တဲ့ ခံစစ်အတွက်တော့ အထိုင်မကျသေး ပါဘူး။ တကယ်လို့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်ကို ပြပါဆိုရင် လီဗာပူးနဲ့ မန်စီးတီးကိုပဲ ပြရပါ မယ်။ ဒီတစ်ကြိမ်မှာလည်း ချဲလ်ဆီးအတွက် အရမ်းခက်ပါလိမ့်မယ်။” လို့ Omnisport ကို ပြောသွားတာပါ။

ချဲလ်ဆီးအသင်းရော လီဗာပူးအသင်းရော ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ကိုယ်စီ အရေးနိမ့်ထားပေမယ့် လီဗာပူး အသင်းက ပရီးမီးယားလိဂ်မှာတော့ ၅ ပွဲ ကစား ၅ ပွဲနိုင်ထားပြီး အမှတ်ပေးဇယာားကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က