အဝေးကွင်းမှာ ၀-၂နဲ့ အနိုင်ရခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က သူ့အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ကို ကွင်းလယ်ဒိုင် က အနီပြဖို့ လုပ်ဆောင်ချိန်မှာ ချီးကျူးတဲ့ ဟန်ပြုလုပ်ခဲ့တဲ့အပေါ် သူ မကြိုက်နှစ်သက်ကြောင်း ဝန်ခံခဲ့ပါတယ်။

တိုက်စစ်မှူး ဆာဒီယိုမာနေး တစ်ကိုယ်တော် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ ဂိုးသွင်းနိုင်တော့မယ့်အချိန်မှာ ချဲလ်ဆီး နောက်ခံလူ ခရစ္စတီယန်က နောက်ကနေ လက်နဲ့ သိုင်းဖက်ပြီး ဆွဲလှဲခဲ့ တာပါ။



မူလက ကွင်းလယ်ဒိုင်က အဝါကဒ်သာ ပြခဲ့ပေမယ့်လည်း VAR စနစ်ကို သေချာပြန်ကြည့်ပြီးချိန်မှာတော့ အနီကဒ် ပြဖို့အထိ ပြောင်းလဲပြင်ဆင်ခဲ့တာပါ။

အဲ့ဒီအချိန်မှာ လီဗာပူး အသင်းအဖွဲ့ဝင်တစ်ဦးက ကျေနပ်တဲ့ ပုံစံမျိုးနဲ့ ချီးကျူးမှု ထပြုလုပ်ခဲ့တဲ့အပေါ် နည်းပြ ကလော့ပ်ကိုယ်တိုင်က - “ရူးနေလား၊ငါတို့ ဒါမျိုး မလုပ်ဘူး”လို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။

“အနီကဒ်ပြသခဲ့တဲ့အချိန် ကစားသမားထဲကမဟုတ်ပါဘူး၊ဝန်ထမ်းထဲကတစ်ဦးက လက်ခုပ်တီးပြီး ဒိုင်ကို ချီးကျူး သလိုမျိုးလုပ်ခဲ့တာပါ၊ဒါပေမယ့် ကျွန်တော်ပြောပြီးပါပြီ၊ဒါမျိုးကို ကျွန်တော်မကြိုက်တဲ့အကြောင်းနဲ့သူလည်း နား လည်ထားပါပြီ။လက်ရှိရလဒ်ကိုကျေနပ်ပေမယ့် အဲ့ဒီအခြေအနေကြီးကိုတော့ ကျွန်တော်မကြိုက်ပါဘူး။”လို့ ကလော့ပ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာလို့ Goal.comက ဖော်ပြလာပါတယ်။

လီဗာပူးအသင်းအနေနဲ့ အဝေးကွင်းမှာ လာကစားရပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ လူတစ်ယောက်ထွက်သွားရ မှုကြောင့် အားသာချက်ဖြစ်ခဲ့ပြီး တိုက်စစ်မှူး မာနေးရဲ့ သွင်းဂိုး ၂ဂိုးအပါအဝင် ဂိုးသမား အယ်လီဆန်ရဲ့ ပင်နယ်တီ ကာကွယ်မှုတွေကြောင့် ၀-၂ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

“ချဲလ်ဆီးက ၁၁ယောက်ဆိုရင် ကျွန်တော်တို့ နိုင်နိုင်လားဆိုတော့ ဘယ်သူသိနိုင်မလဲ?ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်၊ဒါကြောင့်ကျွန်တော်တို့ နိုင်မယ်လို့ ယူဆပါတယ်။ ဒုတိယပိုင်းမှာ ပွဲက အနည်းငယ် ပုံစံပြောင်းသွားပြီး ကျွန်တော်ကတော့ ပထမပိုင်းကို ပိုကြိုက်ပါတယ်။ ခက်ခက်ခဲ ခဲနဲ့ ကိုယ့်ဘာသာ အစွမ်းကုန်ကြိုးစားပြီး မျှမျှတတအနိုင်ရတာမျိုးပဲ ကျွန်တော်က ကြိုက်ပါတယ်။”လို့ ကလော့ပ်က ဆက်လက်ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ကလော့ပ်က သူတို့အနေနဲ့ ပြိုင်ပွဲကို အဓိက ရည်ရွယ်ချက် ၂ခုနဲ့ ယှဥ်ပြိုင်ကစားနေပြီး ပထမတစ်ချက်က ၃မှတ်ရဖို့နဲ့ ဒုတိယတစ်ချက်ကတော့ လီဗာပူးနဲ့တွေ့ရင် ပြိုင်ဖက်တွေ ဘယ်လောက်ထိ အဆင်သင့်ဖြစ်ဖို့လိုအပ်လဲဆိုတာ ပြသဖို့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

“လာမယ့်ပွဲကတော့ အနည်းငယ်ခက်ခဲလိမ့်မယ်၊အာဆင်နယ်အသင်းဆိုတာကလည်း ပြီးခဲ့တဲ့ လအနည်းငယ်အ တွင်း အကောင်းဆုံး လုပ်ဆောင်ထားနိုင်တဲ့အသင်းလေ။တကယ်ခက်ခဲမှာပါ။ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ရှည် ထားပြီး အောင်မြင်မှုအတွက် တစ်ဆင့်ချင်းစီ ချည်းကပ်ဖို့ လိုပါတယ်။”လို့လည်း ကလော့ပ်က အပိတ်ပြောခဲ့ပါ သေးတယ်။

Share

Loading Next Article...
က္က