ဒီကနေ့ည ၁၀ နာရီမှာ ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားမှာပါ။

ချဲလ်ဆီးနဲ့ လီဗာပူး ၂ သင်းစလုံးမှာကစားဖူးတဲ့ ကစားသမားတွေထဲမှာ ဒီကနေ့မှာတော့ တိုက်စစ်မှူး ဆာလာ တစ်ဦးတည်း ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ကစားသမားအများစုကတော့ အနားယူသွားပါပြီ။

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မတိုင်မီ နှစ်သင်းစလုံးမှာ ကစားဖူးတဲ့ ကစားသမားတွေကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



ကစားသမားတွေဟာ အသင်းတစ်သင်းတည်းမှာ ကစားသမားဘဝကို ကုန်ဆုံးလေ့ရှိတဲ့သူက အနည်းအကျဉ်း လောက်သာ ရှိပြီးအများစုကတော့ အသင်းတွေကို ပြောင်းကစားခဲ့ကြပါတယ်။

ဒီကနေ့ညမှာ ထိပ်တိုက်တွေ့နေတဲ့အသင်းနှစ်သင်းစလုံးမှာကစားဖူးတဲ့ ကစားသမားတွေအနေနဲ့ ဘယ်သူတွေ ကအသင်းပြောင်းကစားလိုက်လို့ ပိုကောင်းသွားကြလဲ၊ဘယ်သူတွေကတော့ အဆင်မပြေ ဖြစ်ခဲ့ကြလဲဆိုတာက လည်း ရှိနေပါတယ်။

Express သတင်းဌာနကတော့ ကစားသမား ၁၁ ဦးကို ဖော်ပြထားပြီး ပရိသတ်တွေ ရင်းနှီးထားသူတွေပဲ ဖြစ်ပါ တယ်။

ဇန်ဒန်း

------

ဇန်ဒန်းကတော့ ၂၀၀၁ ကနေ ၂၀၀၄ အထိ ချဲလ်ဆီးမှာ ကစားခဲ့ပြီး ၄၃ ပွဲမှာ ၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၀၅ မှာ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၇ ခုနှစ်ထိ ၂၃ ပွဲမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဇန်ဒန်းကတော့ နှစ်သင်းစလုံးမှာ ကစားဖူးတဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

အနယ်လ်ကာ

---------------

အနယ်လ်ကာက ၂၀၀၁-၀၂ ဘောလုံးရာသီမှာ လီဗာပူးကို ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့လာကစားဖြစ်ခဲ့ တာဖြစ်ပြီး ပွဲ ၂၀ ကစားကာ ၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးမှာတော့ ၂၀၀၈ ကနေ ၂၀၁၂ အထိ ကစားခဲ့ ပြီး ၁၂၅ ပွဲမှာ ၃၈ ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ အနယ်လ်ကာကတော့ ၂၀၀၉ မှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့အတူ အဓိက ဆုဖလား ၃ လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဂလန်းဂျွန်ဆင်

---------------

ဂျွန်ဆင်က ၂၀၀၅မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆုဖလားပိုင်ဆိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ ပုံမှန်ကစားခွင့်တော့ မရခဲ့ပါဘူး။ဒါကြောင့်လည်း ၂၀၀၃ကနေ၂၀၀၇ ဘောလုံးရာသီအတွင်း ၄၁ ပွဲသာ ကစားပေးခဲ့ရပြီး ၃ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာ လီဗာပူးရောက်ချိန်မှာတော့ အဓိက ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၅ အထိ အ သင်းအတွက် ပွဲပေါင်း ၁၆၀ ကစားပေးကာ ၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘီနာယောင်

-------------

ဘီနာယောင်ကတော့ လီဗာပူးမှာ ကစားခဲ့တဲ့ ၃ နှစ်အတွင်း အထူးခြားဆုံး စွမ်းဆောင်ရည်တွေအဖြစ် အသင်း အတွက် အရေးပါ၊အလိုအပ်ဆုံးအချိန်တွေမှာ ဂိုးသွင်းယူပေးနိုင်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၀အတွင်း ပွဲပေါင်း ၉၂ ပွဲကစားပေးပြီး ၁၈ ဂိုးသွင်းပေးခဲ့ပါတယ်။ ချဲလ်ဆီးမှာလည်း ၃ ရာသီဆက် ကစားပေမယ့် ပွဲထွက်ခွင့်သိပ်မရခဲ့ အာဆင်နယ်၊ဝက်စ်ဟမ်းတို့ကို အငှားချခြင်း ခံခဲ့ရပါတယ်။

ဂျိုကိုးလ်

---------

ကိုးလ်ကိုတော့ လီဗာပူးထက် ချဲလ်ဆီးပရိသတ်တွေက ပိုမို အမှတ်ရနေစေမှာပါ။ ချဲလ်ဆီးနဲ့အတူ အဓိက ဆုဖလား ၆ ဆုကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင်အတွက် ချဲလ်ဆီးက အအောင်မြင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့တာပါ။ လီဗာပူးမှာတော့ ၂၀၁၀ ကနေ ၂၀၁၃ အထိ ကစားခဲ့ပြီး ၂၆ ပွဲမျာ ၃ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။

တောရက်စ်

-----------

တောရက်စ်ရဲ့ အအောင်မြင်ဆုံးအချိန်တွေက လီဗာပူးမှာပါ။ချဲလ်ဆီးနဲ့အတူ ဘာစီလိုနာဖက်ကို အနိုင်ဂိုး သွင်းခဲ့ပေမယ့် လီဗာပူးမှာလောက် အကောင်းဆုံး မဖြစ်ခဲ့ပါဘူး။ ၂၀၀၇ မှာ လီဗာပူးကို ရောက်လာပြီး ၄ နှစ်အတွင်း ပွဲပေါင်း ၁၀၂ ပွဲမှာ ၆၅ ဂိုးထိသွင်းပေးခဲ့ပါတယ်။ချဲလ်ဆီးကိုရောက်တဲ့ ၂၀၁၁မှာတော့ ခြေစွမ်း သိပ်မတည်ငြိမ်ခဲ့ပဲ ၂၀၁၅ခုနှစ်အထိ အသင်းမှာ ပွဲ၁၁၀ ကစားကာ ဂိုး ၂၀ သာ သွင်းနိုင်ခဲ့ပါတယ်။



မီယာလက်စ်

------------

မီယာလက်စ်ကတော့ အခြားသူတွေလိုမဟုတ်ပဲ တစ်သင်းမှာ တစ်ရာသီသာ ကစားခဲ့တာပါ။ ဒါပေမယ့် ချဲလ်ဆီး နဲ့အတူ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ၃၅ ပွဲမှ ၅ဂိုးနဲ့ ချဲလ်ဆီးအ တွက် ၃၁ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘိုရီနီ

------

ဘိုရီနီကတော့ လီဗာပူးမှာ သိပ်နေရာမရခဲ့ပဲ ၄ နှစ်အတွင်း ၄ ပွဲသာ ကစားခွင့်ကြုံခဲ့ပါတယ်။ဘိုရီနီရဲ့ အရည်အချင်းကို ခန့်မှန်းဖို့ ခက်ပေမယ့် လီဗာပူးမှာလည်း ကစားခဲ့တဲ့ ၃ ရာသီအတွင်း ၂၅ ပွဲသာပါဝင်နိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စတားရစ်ချ်

------------

အင်္ဂလန်လက်ရွေးစင်ဟောင်း စတားရစ်ချ်ကတော့ ဒဏ်ရာပြဿနာတွေကြောင့် သိပ်ကောင်းကောင်း မကစားခဲ့ ရပေမယ့် လီဗာပူးမှာ ရှိစဉ် စတားရစ်ချ်၊စတားလင်းနဲ့ဆွာရက်ဇ်အတွဲဆိုပြီး ၂၀၁၄ လောက်မှာ နာမည်ကြီးခဲ့ ပါသေးတယ်။ ချဲလ်ဆီးမှာ ၂၀၀၉ ကနေ ၁၃ အထိ ၆၃ ပွဲမှာ ၁၃ ဂိုးသွင်းခဲ့သလို လီဗာပူးမှာလည်း ၂၀၁၃ ကနေ ၁၉ အထိ ပွဲပေါင်း ၁၁၆ ပွဲမှာ ဂိုး ၅၀ ထိသွင်းခဲ့သူပါ။

မော့ဆက်

---------

မော့ဆက်ကတော့ လီဗာပူးကို အငှားနဲ့သွားကစားပြီး ပြန်လာမှ ချဲလ်ဆီးမှာ ပုံမှန်နေရာရလာသူပါ။ နည်းပြ ကွန်တီလက်ထက်မှာ ညာနောက်ခံလူအဖြစ် ကစားပြီးပရိသတ် စိတ်ကြိုက်ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့အတူ ပရီး မီးယားလိဂ် ဆုဖလားကို ဆွတ်ခူးခဲ့သူ မော့ဆက်ကတော့ ချဲလ်ဆီးမှာ ၂၀၁၂ ကနေ လက်ရှိအချိန်ထိ ချဲလ်ဆီးမှာ ရှိနေပါသေးတယ်။ထူးခြားချက်ကတော့ ချဲလ်ဆီးရောက်ကတည်းက ဒီကနေ့အချိန်ထိ လီဗာပူး၊စ တုတ်စီးတီး၊ဝက်စ်ဟမ်းနဲ့ဖီနာဘာချီတို့မှာ အငှားနဲ့ သွားကစားနေရပါတယ်။

ဆာလာ

--------

ဆာလာကတော့ လက်ရှိ ဒီကနေ့ ကစားမယ့် လီဗာပူးအသင်းမှာ ပါဝင်ကစားမယ့် နှစ်သင်းစလုံးမှာကစားဖူးတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ချဲလ်ဆီးမှာ ရှိချိန်တုန်းကတော့ ခြေစွမ်းကောင်းကောင်း မပြသ နိုင်ခဲ့ပဲ ဖီအိုရင်တီးနား၊ရိုးမားတို့ကို အငှားချခံခဲ့ရသူပါ။လီဗာပူးကို ရောက်လာပြီးနောက် ရွှေဖိနပ်ဆု ၂ကြိမ်ထိ ရရှိထားသလို အကောင်းဆုံး စွမ်းဆောင်ရည်တွေကိုလည်း လက်ရှိမှာ ပိုင်ဆိုင်ထားပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ လီဗာပူးက ၅ ပွဲကစား၅ ပွဲနိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ချဲလ်ဆီးအသင်းကတော့ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ၈မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က