loading...

loading...

loading...

သောကြာနေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး အယူခံဝင်ခွင့်ရှိပါတယ်။
Kyaw Ko Ko Sint

ဆာရီကို ကွင်းလယ်ဒိုင်က နေရာမှာ ပြန်ထိုင်ခိုင်းခဲ့ပေမယ့် ဆာရီက လက်မခံခဲ့တာကြောင့်လို့ BBC SPORTကဖော်ပြထားပေမယ့်လည်း အမှန်တကယ်တော့ ဆာရီအနေနဲ့ ဘန်လေအသင်းရဲ့ ဝန်ထမ်းတစ်ဦးက မချေမငံ ဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ဘန်လေကို တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ကိုယ်နဲ့မဆိုင်ပဲ ပါဝင်ပတ်သတ်ခဲ့ ချဲလ်ဆီးနည်းပြ ဆာရီကို အင်္ဂလန်အက်ဖ်အေက ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ BBC SPROT သတင်းဌာနက ဖော်ပြပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အဆိုပါ သရေပွဲ ပြီးဆုံးချိန် အဝတ်လဲခန်းအတွင်းသို့ ကစားသမားများ သွားရောက်နေကြစဉ် ချဲလ်ဆီးကစားသမား လုဇ်နဲ့ ဘန်လေကစားသမား အရှ်လေဘားနတ်ဒ်တို့ အချင်းများခဲ့ကြပါတယ်။

ဒါ့အပြင် ချဲလ်ဆီး လက်ထောက်နည်းပြ ဇိုလာကလည်း - “ အဝတ်လဲခန်းထဲက ဝန်ထမ်းက ဆာရီကို စိတ်မ ကျေမနပ်ဖြစ်စေခဲ့ပါတယ်၊ ဒီဖြစ်စဉ်ကို ပြန်လည် စစ်ဆေးဖို့လိုပါတယ်၊ ဆာရီကတော့ တော်တော်လေး ကိုမပျော်မရွှင်ဖြစ်နေပါတယ်၊” လို့ ဇိုလာက ပြောခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။

ပွဲချိန်အတွင်း ဘန်လေကစားသမားများရဲ့ အချိန်ဆွဲ ကစားမှုကြောင့် နည်းပြဆာရီအနေနဲ့ စိတ်ပျက်ခဲ့ပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲကိုတောင် တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ ဇိုလာက ဆက်လက်ပြောပါသေးတယ်။

ကွင်းအတွင်း ကစားသမားချင်း အချင်းများမှု ဖြစ်စဉ်ကို ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် ကီဗင်ဖရန့် ကဆာရီကို မူလထိုင်းခုံသို့ ပြန်လည် ထိုင်စေခဲ့ပေမယ့်လည်း ဆာရီကတော့ လိုက်နာခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်စဉ်အပေါ် အက်ဖ်အေက ပြန်လည်သုံးသပ်ပြီး ဆာရီကိုပြစ်ဒဏ်ချမှတ်ဖို့ သတ်မှတ်လိုက်ပေမယ့် သောကြာနေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး အယူခံဝင်ခွင့်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က