ဂီရော့ဒ်အနေနဲ့ လက်ရှိဘောလုံးရာသီမှာအသင်းအတွက် ၃ပွဲသာ ကစားခွင့်ရရှိထားတာပါ။

ပဲလေ့စ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးဝါရင့်နောက်ခံလူ ကာဟေးလ်ကိုခေါ်ယူ ထားခဲ့တဲ့အသင်းပါ။

ရလဒ်ကောင်းအချို့ရှိနေခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ လိုအပ်နေတဲ့အသင်းတိုက်စစ်အတွက် ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးဂီရော့ဒ်ကို ခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ရှိနေတ ယ်လို့ Dailymail ကအခိုင်အမာဖော်ပြလာပါတယ်။

ဝါရင့်တိုက်စစ်မှူးဂီရော့ဒ်အနေနဲ့ လက်ရှိချဲလ်ဆီးနည်းပြလမ်းပတ်လက်ထက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရတာဖြစ်ပြီး အသက်အရွက်အရ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်များဆက်ကစားရန် ကြံ့ခိုင်မှုပိုင်းအရလို အပ်ချက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ လူငယ်ကစားသမားဖြစ်တဲ့ အေဘရာဟင်က ခြေစွမ်းပြသွင်းဂိုးတွေရရှိေ နတဲ့အပြင် အခြားတိုက်စစ်အသင်းဖော်တွေဖြစ်တဲ့ ဟက်ဆန်အော့ဒွိုင်း၊ မေဆန်မောင့်တို့ကလည်း ခြေစွမ်းပြက စားနေတဲ့အတွက် ဝါရင့်တိုက်စစ်မှူးဂီရော့ဒ်အနေနဲ့ ပွဲထွက်ကစားခွင့်ရရှိရန် အခက်အခဲအချို့ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဂီရော့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးအသင်းက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း နည်းပြလမ်းပတ်ကတော့ လာမယ့်အချိန်ကာလတွင်း ဂီရော့ဒ်ရဲ့အပြောင်းအရွှေ့အတွက် တိတိကျကျသိရဖို့ရှိေ နတယ်လို့ အရိပ်အမြွတ်ပြောကြားခဲ့တာပါ။

ထွက်ပေါ်နေတဲ့သတင်းတွေအရ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ဘန်တီကီ၊ ဂျော်ဒန်အယူးစ်၊ ဇာဟာ၊ ဝစ်ခ် ဟမ်းတို့ရှိနေပေမယ့်လည်း လိုအပ်ချက်ရှိနေဆဲဖြစ်နေတဲ့တိုက်စစ်အတွက် ဂီရော့ဒ်ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ တာလည်းဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



က္က