ထိပ်တန်းအဆင့်ကို ရောက်မယ့်ကစားသမားလို့ ချီးကျူးခဲ့တာပါ။

ချယ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်အနေနဲ့ ချယ်ဆီးအတွက် ကစားပေးပြီးနောက်မှာ ဘာစီလိုနာ သို့မဟုတ် ရီးရဲမက်ဒရစ်အသင်းမှာ ကောင်းကောင်းအံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ ဗီတက်စ်အသင်းဖော်ဟောင်းတစ်ဦးက ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မေဆင်မောင့်ဟာ ယခုရာသီမှာ ချယ်ဆီးပထမအသင်းကြီးအတွက် ကစားခွင့်ရရှိနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲမှာ ၄ ဂိုး သွင်းယူပေးခဲ့သလို အင်္ဂလန်အသင်းလူစာရင်းမှာလည်း ပုံမှန်ပါဝင်ခွင့် ရရှိလာသူဖြစ်ပါတယ်။

ချယ်ဆီးအသင်းအတွက် ပွဲဦးထွက်ပါဝင်မကစားပေးမီမှာ မေဆင်မောင့်ဟာ ဗိတက်စ်အသင်းမှာ တစ်ရာသီ၊ ပြီးခဲ့တဲ့ရာသီက လက်ရှိချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်လက်အောက် ဒါဘီကောင်တီအသင်းမှာ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ရာသီမှာ ဗီတက်စ်အသင်းအတွက် မေဆင်မောင့်နဲ့အတူ ကစားခဲ့တဲ့ မစ်ချယ်ဗန်ဘာဂန်က အသင်းဖော်ဟောင်းရဲ့ ပါရမီစွမ်းရည်ကို အပြည့်အဝချီးကျူးပြောကြားခဲ့ပြီး စပိန်က အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းကို ပြောင်းရွှေ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။



“ကျွန်တော် ချယ်ဆီးအသင်းပွဲစဉ်တွေကို သူ့ကြောင့် အရင်ကထက် ပိုကြည့်ဖြစ်ပါတယ်”

“အဲဒီမှာ သူ့ရဲ့အခွင့်အရေးကို သူ ရခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တံခါးကိုလည်း သူ ခေါက်နေပါတယ်။ အဲဒါက ကျွန်တော့်ကို အံ့အားမသင့်စေပါဘူး”

“မေဆင်က လုံးဝကို ထိပ်တန်းအဆင့်ကို ရောက်မယ့်သူပါ။ ပရီးမီးယားလိဂ်မှာ သူက ပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သူက ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲမက်ဒရစ်အသင်းမှာ ကစားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ သူ အဲဒီမှာ ကစားဖို့ သင့်တော်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ NOS ကို ပြောကြားခဲ့ပါတယ်။



က္က