မေဂျာလိဂ်မှာ ၅၂ ပွဲကစားပြီး ၂၅ဂိုး သွင်းခဲ့ပါတယ်။

၃၃ နှစ်အရွယ်ရွန်နီကို ဒါဘီကောင်တီအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ကစားသမား-နည်းပြ အဖြစ် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းမှာကစားနေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝိန်းရွန်နီကတော့ မေဂျာလိဂ် ပြီးဆုံးခဲ့ပြီဖြစ်လို့ အင်္ဂလန်ကို ပြန်လာတော့မှာပါ။

နောက်ဆုံး ကစားခဲ့တဲ့ မေဂျာလိဂ် ပလေးအော့ဖ်မှာတော့ ၅-၁ ဂိုးနဲ့ အရေးနိမ့်ပြီး DC ယူနိုက်တက်ရဲ့ ဒီရာသီ မေဂျာလိဂ် ခရီးစဉ် ပြီးဆုံးခဲ့ပါပြီ။

ရွန်နီအနေနဲ့ မေဂျာလိဂ် နောက်ဆုံးပွဲကို အရှုံးနဲ့ နှုတ်ဆက်ရပေမယ့် မေဂျာလိဂ်ကစားခဲတဲ့ တလျှောက် ပွဲပေါင်း ၅၂ ပွဲမှာ ဂိုးပေါင်း ၂၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ချုပ်ဆိုထားတဲ့ ဒါဘီကောင်တီအသင်းနဲ့စာချုပ်အရ ချန်ပီယံရှစ်ကို ဆက်လက်ပြီး လာရောက် ကစားရဦးမှာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ရွန်နီအနေနဲ့ ဒါဘီအသင်းနဲ့အတူ ကစားသမား-နည်းပြ စာချုပ်ကို ချုပ်ဆိုထားတာဖြစ်ပြီး အခုလို မေဂျာလိဂ် ပြီးဆုံးပြီး ချန်ပီယံရှစ်ကိုလာမကစားခင် မိမိရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး အနေအထားမှာရှိနေဖို့ လုပ်ဆောင် ထားစေချင်ကြောင်း ဒါဘီအသင်းက အသိပေးထားပါတယ်။

ဒါကြောင့် ဒါဘီအသင်းမှာ ရွန်နီကို ပြန်မြင်တွေ့ရတော့မှာ ဖြစ်ပြီး ရွန်နီနဲ့ ဒါဘီရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ရွန်နီအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းထိရရှိမှာ ဖြစ်ပါတယ်။

ဒါဟာ ချန်ပီယံရှစ်ရဲ့ စံချိန်တင် လုပ်ခလစာဖြစ်ပြီး ဒါဘီကောင်တီကတော့ လက်ရှိမှာ အဆင့် ၁၅ မှာ ရပ်တည် နေပါတယ်။

ရွန်နီအနေနဲ့ ဒါဘီနဲ့ ပထမဆုံးပွဲကို လာမယ့် နှစ်သစ်ကူးအချိန်မှာကစားရမယ့် ဘန်စလေနဲ့ပွဲမှာ စတင်ပါဝင်လာနိုင်မယ်လို့လည်း ခန့်မှန်ထားပါတယ်။



က္က