တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
Pyae Phyo Thein

ဗီလာကတော့ တန်းဆင်းဇုန်ထဲမှာ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ ဝက်ဖို့ဒ်အသင်းက မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အာဆင်နယ်ကိုအနိုင်ကစားကာ အဆင့် ၁၇ နေရာအထိ တက်လှမ်းသွားခဲ့ပါတယ်။


အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ မှာတော့ နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ အိမ်ရှင်အသင်းကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ လီဗာပူးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်အနိုင်ယူပြီးတော့ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ အာဆင်နယ်ဟာ တန်းဆင်းဇုန်ရုန်းအားရှိနေတဲ့ ဗီလာကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ပွဲချိန် ၂၇ မိနစ်မှာသွင်းယူခဲ့တဲ့ ထရာဇီဂေးရဲ့ သွင်းဂိုးကို အာဆင်နယ်တို့ ပြန်မချေပနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပွဲလုံးမှာလည်း ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိခဲ့ဘဲ ထိပ်တန်းအသင်းနှစ်သင်းကို အနိုင်ရပြီး ဗီလာကိုရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။ 

ဗီလာကတော့ တန်းဆင်းဇုန်ထဲမှာ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ ဝက်ဖို့ဒ်အသင်းက မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အာဆင်နယ်ကိုအနိုင်ကစားကာ အဆင့် ၁၇ နေရာအထိ တက်လှမ်းသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ရမှတ်တူညီနေပြီး ဂိုးးကွာခြားချက်နဲ့ တန်းဆင်းဇုန်အပြင်ကို ရောက်လာခဲ့ပြီး နောက်ဆုံးပွဲစဉ်က အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။ 

နည်းပြအာတီတာရဲ့ အသင်းကတော့ အဆင့် ၁၀ နေရာမှာပဲ ဆက်ရှိနေခဲ့ပြီးတော့ စိတ်ပျက်ဖွယ်ရာရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရာသီရဲ့ ၁၀ မြောက်ရှုံးပွဲဖြစ်ပြီး ၃ ရာသီဆက်တိုက် ၁ဝပွဲနဲ့အထက် ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့ ဗီလာက ဝက်စ်ဟမ်းနဲ့ ကစားရဖို့ရှိပြီး ဝက်ဖို့ဒ်ကတော့ အာဆင်နယ်နဲ့ကစားရမှာဖြစ်ပါတယ်။ 


Author


က္က