မန်ယူနိုက်တက်နဲ့အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၇ အဖြစ် ယှဉ်ပြိုင်ကြမှာပါ။

မန်ယူနိုက်တက်နဲ့အာဆင်နယ်ဆိုတာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ဘက်တွေအဖြစ်လက်ခံထားခဲ့ကြတာပါ။ ၁၉၉၂မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲ ခဲ့ပြီးတဲ့နောက်ချန်ပီယံဆုအတွက်အဓိကပြို င်ဘက်တွေအဖြစ်ရှိခဲ့တဲ့ အသင်းနှစ်သင်းဟာ လက်ရှိအချိန်မှာလည်း အစဉ်အလာတွေအတိုင်း ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းရောက်ရှိ ရလဒ်ကောင်းဖို့ရုန်းကန်ရလေ့ရှိတဲ့ အာဆင်နယ်အနေနဲ့ဒ ဏ်ရာရကစားသမားများပြားနေတဲ့ ယူနိုက်တက်ကို အသာစီးရယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ နည်းပြဆိုးလ်ရှားနဲ့ ယူနိုင်းအမ်မရီတို့ရဲ့ အိုးထရက်ဖို့ဒ်တိုက်ပွဲမှာ ဘယ်အသင်းအသာရမလဲဆိုတာကို ဒီကနေ့ ည၊ အင်္ဂါနံနက်အစောပိုင်းပွဲစဉ်မှာ ဆက်ပြီးစောင့်ကြည့်ရဖို့ပဲ ရှိနေပါတော့တယ် . . .။

မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်

ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ် ၂-၀ မန်ချက်စတာယူနိုက်တက်

အာဆင်နယ် ၁-၃ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၂-၂ အာဆင်နယ်

မန်ချက်စတာယူနိုက်တက် ၂-၁ အာဆင်နယ်

အာဆင်နယ် ၁-၃ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ဝက်စ်ဟမ်း ၂-၀ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၁-၀ လက်စတာ

ဆောက်သမ်တန် ၁-၁ မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

အာဆင်နယ် ၃-၂ အက်စတွန်ဗီလာ

ဝက်ဖို့ဒ် ၂-၂ အာဆင်နယ်

အာဆင်နယ် ၂-၂ စပါး



နှစ်ဖက်အသင်းသတင်းများ

  • မန်ယူနိုက်တက်အနေနဲ့ ဒဏ်ရာရကစားသမားများပြားနေပြီး ပေါ့ဘာ၊ လုခ်ရှောတို့မှာလည်း ပွဲကစားဖို့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေ။
  • လာကာဇက်မပါဝင်နိုင်တဲ့ အာဆင်နယ်တိုက်စစ်ကို အူဘာမီယန်နဲ့ပီပီတို့ဦးဆောင်လာဖို့ရှိနေပြီး ၄-၂-၃-၁ နဲ့ပွဲထွက်လာနိုင်ချေရှိ။
  • မာရှယ်လ်၊ ရက်ချ်ဖို့ဒ်တို့နှစ်ဦးလုံးပါဝင်ဖို့မရှိတဲ့ ယူနိုက်တက်တိုက်စစ်မှာ ဂရင်းဝုဒ်၊ ဂျိမ်းစ်၊ မာတာတို့ကို နည်းပြဆိုးလ်ရှားအသုံးပြုဖို့ရှိနေ။
  • အာဆင်နယ်အနေနဲ့ ကြားရက်ခါရာဘောင်ပွဲမှာ လူငယ်အများစုကို ပွဲထွက်ခဲ့တဲ့အတွက် အဓိက,ကစား သမားအားလုံး ကြံ့ခိုင်မှုအပြည့်ရှိနေခဲ့။

ပွဲကြိုအချက်အလက်

  • အစဉ်အလာအရ ပြိုင်ပွဲစုံနောက်ဆုံး ၁၈၉ပွဲကစားထားရာမှာ မန်ချက်စတာယူနိုက်တက်က ၈၁ ကြိမ်နိုင် ၄၄ကြိမ်သရေကျထားခဲ့ပြီး အာဆင်နယ်က ၆၄ပွဲအနိုင်ရထား။
  • ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာတွင် မန်ချက်စတာယူနိုက်တက်အနေနဲ့ ၃ပွဲနိုင် ၂ပွဲရှုံး ၁ပွဲသရေရ လဒ်ရရှိထားပြီး ၅ဂိုးသွင်း ၅ဂိုးပြန်ပေးထားရ။
  • အာဆင်နယ်အနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၃ပွဲနိုင် ၂ပွဲသရေ ၁ပွဲရှုံးရလဒ်ရရှိထားပြီး ၁၆ဂိုးသွင်း၊ ၉ ဂိုးပြန်ပေးထားခဲ့။
  • မန်ချက်စတာယူနိုက်တက်အနေနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ပွဲနိုင် ၄ပွဲသရေကျထားခဲ့။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

မန်ချက်စတာယူနိုက်တက် - ဘိုင်လီ၊ ဖိုဆူမန်ဆက်ချ်၊ မာရှယ်လ်၊ ရက်ချ်ဖို့ဒ်၊ ဒါလော့တ်၊ အိန်ဂျယ်ဂိုမက်စ်၊ ပေါ့ဘာ၊ လုခ်ရှော(ကြံ့ခိုင်မှုမပြည့်ဝ)

အာဆင်နယ်                        - ရိုဝီ၊ လာကာဇက်၊ ဘယ်လာရင်။

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

အာဆင်နယ်အနေနဲ့ ပုံစံကောင်းအချို့ပြန်ရနေခြင်းနဲ့အတူ ရလဒ်ကောင်းတွေပြန်ရနေတယ်။ အမှတ်ပေးဇယား ထိပ်ကို ပြန်ရောက်ဖို့ ပိုပြီးအားစိုက်နေတယ်။ ယူနိုက်တက်ကတော့ ပြောင်းပြန်လို့ပြောလို့ရတယ်။ ဒဏ်ရာရက စားသမားများပြားနေလို့ အခက်တွေ့နေသလို တိုက်စစ်က ရုန်းကန်နေရတယ်။

ခန့်မှန်းရလဒ်    - မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ်



က္က