loading...

loading...

loading...

မန်စီးတီးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပ-ကျော့မှာ ပေါင်ခြံ ဒဏ်ရာရခဲ့တာပါ။
Kyaw Ko Ko Sint

ဟယ်ရီဝင့်ခ် ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် စပါးအသင်းရဲ့ ကွင်းလယ်မှာ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဆစ်ဆိုခိုနဲ့ ဝါယာမာတို့ ရှိနေပါတယ်။

စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်အနေနဲ့ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ဒီရာသီ လက်ကျန် ပွဲအားလုံးကို လွဲချော်ခဲ့ရပြီလို့ Daily Mail ကဖော်ပြပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား ဝင့်ခ်အနေနဲ့ မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အဆိုပါ ပေါင်ခြံ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီကနေ့ညမှာ ကစားဖို့ရှိနေပြီး ပြည်တွင်းလိဂ်မှာလည်း လက်ကျန် ၂ ပွဲသာ ကျန်တော့ပါတယ်။

“ ဒီကနေ့မှာ ဟယ်ရီဝင့်ခ်အနေနဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်၊ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြန်လည် မပြုလုပ်နိုင် ခင်အထိ စပါးဆေးအဖွဲ့ရဲ့ ကုသမှုအောက်မှာ ဆက်လက်ရှိနေပါမယ်။”လို့ စပါးအသင်းက တွစ်တာအကောင့် ကတဆင့် ရေးသားဖော်ပြခဲ့သလို ဟယ်ရီဝင့်ခ်ကိုယ်တိုင်ကလည်း - “ လိုအပ်တဲ့ ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပြီး အကောင်းဆုံး အခြေအနေတွေနဲ့ ကြုံတွေ့နေပါတယ်” လို့ သူ့ပရိသတ်တွေကို မစိုးရိမ်ဖို့ တွစ်တာကတဆင့် ဆက်လက်ရေးသားဖော်ပြထားတာကို Daily Mail ကဖော်ပြထားပါတယ်။

စပါးအသင်းအတွက်တော့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ဒဏ်ရာရသွားပေမယ့် အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဆစ်ဆိုခို ပြန်လည်သက်သာလာလို့ အနည်းငယ် သက်သာရာရခဲ့ပါတယ်။ ဆစ်ဆိုခိုကလည်း မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုငနယ် ဒု-ကျော့မှာ ပေါင်ခြံ ဒဏ်ရာရခဲ့တာ ဆိုပေမယ့် ဒဏ်ရာ အနည်းငယ်သာရခဲ့တာ ဖြစ်လို့ အခုလို ဆီမီးဖိုင်နယ်အမီ ပြန်လည်သက်သာလာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စပါးအသင်းရဲ့ကွင်းလယ်မှာ အဲရစ်ဒိုင်ယာ၊အဲရစ်ဆင်၊ဗစ်တာ ဝါယာမာတို့လည်း ရှိနေပြီး ပြီးခဲ့တဲ့ ဝက်စ်ဟမ်းကို ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အနားယူထားခဲ့တဲ့ နောက်ခံလူ ဗာတွန်ဂန်လည်း ပြန်လည် ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။


loading...

က္က