ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကို မေးမြန်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲမက်ဒရစ်အသင်းကို ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့ကို မေ့ပစ်လိုက်ဖို့ ပြောကြားခဲ့တယ်လို့ AS ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ရီးရဲမက်ဒရစ်အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ နည်းပြ ဇီဒန်းရဲ့ယခုနွေရာသီ အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။



ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာလိုနေတယ်လို့ သိရပြီး နည်းပြဇီဒန်းရဲ့လက်အောက် ဘာနေဗျူးမှာ ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားသူဖြစ်ပါတယ်။ AS ရဲ့ သတင်းအရ ရီးရဲမက်ဒရစ်ဟာ ပေါ့ဂ်ဘာအတွက် ပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယူနိုက်တက်ကို သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို မေးမြန်းခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့တုံ့ပြန်မှုကတော့ ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ ရောင်းချမယ့်ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ဆိုးလ်ရှားရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ မကြာသေးမီအချိန်တုန်းက ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်အောင်ပြုလုပ်နိုင်ဖို့အတွက် ပေါ့ဂ်ဘာအနေနဲ့ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြောဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

စပိန်က သတင်းတွေအရ ဇီဒန်းဟာ ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းဥက္ကဌ ပီးရက်ဇ်နဲ့ သဘောထားမတိုက်ဆိုင်ခဲ့ဘဲ ပီးရက်ဇ်က တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို ပိုမိုခေါ်ယူလိုနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က