အသင်းကနေ ထွက်ခွာလိုကြောင်း ပြောကြားခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးလ်ဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို ပေါ့ဂ်ဘာအတွက် အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်သေးဘဲ မရောင်းချဖို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး တစ်နေရာရာမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ဂျူဗင်တပ်နဲ့ ရီးရဲမက်ဒရစ်တို့က ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က ပေါ့ဂ်ဘာအနေနဲ့ အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒရှိတယ်ဆိုရင် ထွက်ခွာခွင့်ပြုပေးဖို့ ပြောကြားခဲ့ပေမယ့် ပေါ့ဂ်ဘာကို မရောင်းချမီမှာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ဆိုးလ်ရှားကို အကြံပေးလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဆွမ်ဆီးစီးတီးကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သေးပြီး ခရစ်စတယ်ပဲလေ့စ်ညာနောက်ခံကစားသမား ဝမ်ဘစ်စ်ကာကို ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

“မန်ချက်စတာယူနိုက်တက်က ပေါ့ဂ်ဘာ ကစားတဲ့အချိန်မှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်လာပါတယ်။ ဒါပေမယ့် တကယ်လို့ ကစားသမားက အသင်းမှာ ဆက်မရှိချင်တော့ဘူးဆိုရင် အဲဒါက ပေါ့ဂ်ဘာကို ဆိုလိုတာမဟုတ်ဘူးနော်။ ကစားသမားက အသင်းမှာ ဆက်ရှိချင်တယ်ဆိုရင် ခင်ဗျားသွားမယ့်လမ်းကြောင်းနဲ့ပတ်သက်ပြီး အားလုံးကို ကစားရမယ့်နေရာကို အစီအစဉ်ပြန်ချပေးရပါမယ်”

“အဆုံးအစွန်ထိပြောရမယ်ဆိုရင် ဒါက အိုလီပထမဆုံး လုပ်ရမယ့်အရာပါ။ အသင်းကို ရှေ့ဆက်သွားစေဖို့အတွက် ဘယ်သူက အဆင်သင့်ဖြစ်နေတယ်ဆိုတာကို သိဖို့ပေါ့။ သူတို့ ဘယ်လိုကစားသမားကိုမှ ထိန်းသိမ်းထားတာမရှိပါဘူး”

“ခင်ဗျား သူတို့ကို ထွက်ခွာခွင့်မပြုမီမှာ ကစားသမား ခေါ်ရပါမယ်။ ဘာလို့လဲဆိုတော့ လက်ထဲမှာ ကစားသမားရောင်းရငွေသက်သက်ပဲ ရှိနေတာက ခင်ဗျားကို ထိခိုက်လွယ်အောင် ပြုလုပ်နိုင်လို့ပါ”လို့ Sky Sports News ကို ပြောကြားခဲ့ပါတယ်။



က္က