မာဆေးဆိုက်ဒါဘီက သရေပွဲနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
Pyae Phyo Thein

လီဗာပူးလ်ဟာ ဒီဇင်ဘာလအတွင်းက မန်စီးတီးကို (၇)မှတ်ဖြတ် ဦးဆောင်ခဲ့တာဖြစ်ပေမယ့် မတ်လအစမှာပဲ တစ်မှတ်အသာနဲ့ ဦးဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

အဲဗာတန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်အပြီးမှာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က လေတိုက်ခတ်မှုအပေါ်မှာ ဝေဖန်ပြောကြားခဲ့ပြီး အသင်းအတွက် ကစားရခက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်ကို အနိုင်မကစားနိုင်ခဲ့တဲ့အတွက် လီဗာပူးလ်ဟာ မန်စီးတီးထက် တစ်မှတ်လျော့နည်းသွားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ရှားပေးခဲ့ရပါတယ်။



ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အပိုင်အခွင့်အရေးတချို့ ရရှိခဲ့ပြီး မိုဟာမက်ဆာလာ နဲ့ ဖာဘင်ဟိုတို့က ဖြုန်းတီးပစ်ခဲ့လို့ ဂွတ်ဒီဆင်ပါ့ခ်မှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး အဲဗာတန်ကတော့ အငြိုးကြီးမားတဲ့ ရန်သူအသင်းကို ပရီးမီးယားလိဂ်ဆုဖလားအတွက် ကြိုးစားနေမှုမှာ အခက်တွေ့သွားစေခဲ့ပါတယ်။

"အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ၊ ပြိုင်ဘက်က ကြမ်းတမ်းခက်ခဲခဲ့ပါတယ်၊ အခုချိန်မှာမှာ ဒီလိုမျိုးပြောရင် လူတွေကတော့ သဘောတူမှာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကွင်းထဲမှာ လေက နေရာပေါင်းစုံကနေ တိုက်ခတ်နေခဲ့ပြီးတော့ ကစားရတာ အခက်အခဲဖြစ်ခဲ့ပါတယ်၊ လေတိုက်ခတ်မှုက ဘောလုံးကစားဖို့အတွက် ဘယ်လိုမှ အကူအညီမဖြစ်ခဲ့ပါဘူး"

"အထူးသဖြင့် ဘောလုံးက လေထဲမှာပဲ အချိန်ကြာကြာ ရှိနေခဲ့ပါတယ်၊ ဒီအတွက် ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲခဲ့ပါတယ်၊ အကောင်းဆုံးအခွင့်အရေး သုံးလေးကြိမ်လောက် ရခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဆာလာရော၊ ဖာဘင်ဟိုပါ အကောင်းဆုံးအခွင့်ရေးတွေ ရခဲ့ပါတယ်၊ ဒါဘီပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး အဲဗာတန်ကို မရှုံးသေးတဲ့ မှတ်တမ်းကို ကျွန်တော်တို့ထိန်းနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့က အနိုင်ရလဒ်အတွက် ကစားခဲ့တာဖြစ်ပမေယ့် သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်၊ ဒီရလဒ်ကိုတော့ အလွယ်တကူလက်ခံနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့လို့ပါ" လို့ ယာဂင်ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီဇင်ဘာလအတွင်းက မန်စီးတီးကို (၇)မှတ်ဖြတ် ဦးဆောင်ခဲ့တာဖြစ်ပေမယ့် မတ်လအစမှာပဲ တစ်မှတ်အသာနဲ့ ဦးဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က