ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရသူပါ။

အာဆင်နယ်နောက်ခံကစားသမား မူစတာဖီဟာ ၎င်းပါဝင်ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် တွစ်တာလူမှုကွန်ရက်မှာ ပရိသတ်တွေကို အံ့အားသင့်ဖွယ် တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မူူစတာဖီဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းအတွက် လူပိုအဖြစ် ထွက်ခွာခွင့်ပြုထားခြင်းခံခဲ့ရသူဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ရိုးမားအသင်းတို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် အမ်းမရိတ်ကနေ ထွက်ခွာခွင့် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။



ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား မူစတာဖီဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့ ဖလားပြိုင်ပွဲမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

မူစတာဖီဟာ အာဆင်နယ်အသင်းက ဖရန့်ဖတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲချိန်ပြည့််ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နည်းပြအူနိုင်းအမ်မရီက ပြီးခဲ့တဲ့အင်္ဂါနေ့ညက နော့တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် ပွဲထွက်ပါဝင်ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

မူစတာဖီဟာ ရော့ဘ်ဟိုးဒင်းနဲ့ ဗဟိုခံစစ်မှာ အတွဲညီညီကစားနိုင်ခဲ့ပြီး နော့တင်ဟမ်ဖောရက်စ်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပေးဂိုးမရှိဘဲ ကရာဘောင်ဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Adewuyi_Shola လို့အမည်ရတဲ့လူတစ်ဦးက “ဒါကို ပြောရမှာတော့ မုန်းမိတယ်။ ဒါပေမယ့် မူစတာဖီက ၂ ပွဲကစားပြီး ၂ ပွဲ ပေးဂိုးမရှိအောင် ထိန်းသိမ်းနိုင်ခဲ့တယ်”လို့ ရေးသားခဲ့ပြီး မူစတာဖီက အခုလိုပဲ ပြန်လည်ရေးသားခဲ့ပါတယ်။

“၂ ပွဲ ပေးဂိုးမရှိ ထိန်းသိမ်းမိတဲ့အတွက် တောင်းပန်ပါတယ်”လို့ စိတ်မကောင်းဖြစ်နေတဲ့ Emoji ရုပ်ပုံနဲ့အတူ ရေးသားခဲ့တာဖြစ်ပါတယ်။



က္က