ပရီးမီးယားလိဂ်ကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပြန်လည်ရင်ဆိုင်နေရပါပြီ။
Pyae Phyo Thein

ကစားသမားနဲ့ အသင်းဝန်ထမ်းတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၆၀၅ ဦး ပါဝင်ခဲ့ကာ ၃ဦး ကူးစက်ခံခဲ့ရကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ပါတယ်။


ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ဖို့နီးကပ်လာချိန်မှာ ကိုရိုနာဗို်င်းရပ်စ်ဆေးစစ်မှုတွေကို ပထမအကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကစားသမားနဲ့ အသင်းဝန်ထမ်းတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၆၀၅ ဦး ပါဝင်ခဲ့ကာ ၃ဦး ကူးစက်ခံခဲ့ရကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ၃ ဦးထဲမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ လာပေါ့တ် နဲ့ မာရက်ဇ်တို့ ပါဝင်ခဲ့တယ်လို့သိရပြီး မန်စီးတီးကလည်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ကူးစက်ခံရသူတွေအနေနဲ့ ၁၀ ရက်ကြာ သီးသန့်နေထိုင်သွားရမှာဖြစ်ပြီး အဖွဲ့ချုပ်ကတော့ ကလပ်တွေနဲ့ တစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်အတွင်း စစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ်စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နေပြီလို့ သိရကာ ရလဒ်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 

"ကလပ်အသင်းမှာရှိသူတိုင်းက မာရက်ဇ် နဲ့ လာပေါ့တ်တို့ အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်" လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးနည်းပြဂွာဒီယိုလာကလည်း စပိန်ကနေ ပြန်ရောက်လာခဲ့ပြီးနောက်မှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်နေရတာဖြစ်ပါတယ်။ 


ပထမအသင်းကြီးရဲ့ ကစားသမားတွေ ကူးစက်ခံထားလို့ အနည်းငယ်တော့ စိုးရိမ်စရာကောင်းနေပြီး ဂွာဒီယိုလာမရှိချိနမှာ လက်ထောက်နည်းပြဟွမ်မန်နူရယ်လီလိုက အသင်းကိုပြင်ဆင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကမ္ဘာကျော်ကစားသမားအများအပြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရှိနေခဲ့ပြီး ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာ၊ ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ နေမာ၊ ဒီမာရီယာ၊ ပရီဒက်စ် နဲ့ ဘတ်ပီ၊ ဘာစီလိုနာကွင်းလယ်လူပီယာနစ်တို့လည်း ကူးစက်ခံထားရပါတယ်။ 


Author


က္က