၃ ဂိုးပြတ်နိုင်ပွဲ လေးပွဲဆက်တိုက်ရယူခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်ဟာ ရှက်ဖီးကို ၃-၀၊ ဘရိုက်တန်ကို ၃-၀၊ ဘုန်းမောက်ကို ၅-၂ တို့နဲ့ အနိုင်ရရှိထားခဲ့ပြီး ဗီလာကိုလည်း ၃-၀ နဲ့ နိုင်ပွဲထပ်ယူခဲ့လို့ ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းထက်မြက်နေတဲ့ပုံစံကောင်းကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။


အက်စတန်ဗီလာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လေးပွဲဆက်တိုက် ၃ဂိုးပြတ်နိုင်ပွဲတွေရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက််စ်၊ ဂရင်းဝုဒ် နဲ့ ပေါ့ဂ်ဘာတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်က အလွယ်တကူပဲ အနိုင်ရရှိခဲ့ပါတယ်။ 

ဒါဟာ သူတို့အတွက် ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရှက်ဖီးကို ၃-၀၊ ဘရိုက်တန်ကို ၃-၀၊ ဘုန်းမောက်ကို ၅-၂ တို့နဲ့ အနိုင်ရရှိထားခဲ့ပြီး ဗီလာကိုလည်း ၃-၀ နဲ့ နိုင်ပွဲထပ်ယူခဲ့လို့ ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းထက်မြက်နေတဲ့ပုံစံကောင်းကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ပေါ့ဂ်ဘာက ရက်ပေါင်း ၄၃၅ ရက်အကြာမှာမှ ပထမဆုံးဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဂရင်းဝုဒ်ကလည်း ၃ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့လို့ ၀ိန်းရွန်နီက ဆယ်ကျော်သက်ကစားသမားဘဝမှာ ယူနိုက်တက်အတွက် ၃ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ကစားသမားအပြီး ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်ကလည်း ယူနိုက်တက်အတွက် ပယ်နယ်တီ ၄ကြိမ်ကန်သွင်းရာမှာ ၄ကြိမ်စလုံးဂိုးဝင်ထားခဲ့ပြီး ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီးမှာ ၆ ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်ပေးထားနိုင်ခဲ့လို့ ရော်ဘင်၊ ဒီမာရီယာ၊ အိုဇေးလ်၊ လီရှက်၊ ဒေးဗစ်ဂျီနိုလာ၊ ဒူဆန်တာဒစ်တို့ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တယ်လို့ Optajoe က ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ဆက်တိုက်ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။ အဆင့်သုံးနေရာက ချယ်လ်ဆီးနဲ့ ၂ မှတ်၊ လက်စတာနဲ့ တစ်မှတ်သာကွာဟတော့တာဖြစ်ပြီး အဆိုပါအသင်းတွေခြေချော်ပါက ထိပ်ဆုံးလေးသင်းနေရာကို အသင့်ဝင်ယူနိုင်မယ့်အနေအထားမှာလည်း ရှိနေခဲ့ပါပြီ။ 


Author


က္က