မေလ ၁ ရက်နေ့ထိတော့ ပွဲတွေ နားထားပါတယ်။

ကစားသမားတွေသာမက နည်းပြအဖွဲ့ဝင်တွေလည်း ပါဝင်ပြီး ကွင်းပိတ်ပွဲတွေနဲ့ ပြန်လည်စတင်ဖို့ ရှိနေပါတယ်။

ဘောလုံးပွဲတွေ ပြန်စရင် ဘောလုံးသမားတွေအနေနဲ့ နေအိမ်ကိုပြန်နားခွင့်ရတော့မှာမဟုတ်ပဲ ဟိုတယ်တွေမှာသာ နေစောင့်ကြည့်ပုံစံမျိုးနဲ့ သီးခြား နေထိုင်ရမယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



အခု အစီအစဥ်ကိုတော့ အင်္ဂလိပ်ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေ လာမယ့် အပတ်အတွင်း အတည်ပြု နိုင်ရေး ဆွေးနွေးဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတွေကို ဇွန်လ ၃၀မှာ ပြီးစီးနိုင်ဖို့ မျှော်လင့်နေကြပြီး လက်ကျန်ပွဲကလည်း အနည်းငယ်သာ ကျန်တော့လို့ ယခုနှစ်ရာသီကို မြန်မြန် အဆုံးသတ်နိုင်‌အောင် ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကိုရိုနာ‌ဗိုင်းရပ်စ်ကြောင့် အင်္ဂလန်ပြည်တွင်းလိဂ်ကို မေလ ၁ ရက်နေ့ထက် စောပြီး ကျင်းပနိုင်ဖို့ မရှိသေးပါဘူး။

အခုအစီအစဥ်မှာ ကစားသမားတွေသာမက နည်းပြအဖွဲ့ဝင်တွေလည်း ပါဝင်ပြီး လက်ရှိ အကြပ်အတည်း ကာလ ကိုကျော်လွန်တာနဲ့ ကွင်းပိတ်ပွဲတွေနဲ့ ပြန်လည်စတင်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က