တိုက်စစ်ပိုင်းက ဂိုးပိုသွင်းခဲ့သင့်တယ်လို့ ဆိုးလ်ရှားက ယူဆနေပါတယ်။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြန်လည်စတင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ သွင်းဂိုး၁၅ ဂိုးအထိ ရရှိထားခဲ့ပြီး ပေးဂိုးကတော့ ၃ဂိုးတည်းသာရှိခဲ့တာဖြစ်ပါတယ်။ 


လေးပွဲဆက်တိုက် ၃ဂိုးပြတ်နိုင်ပွဲရရှိပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပေမယ့်လည်း အဆိုပါပွဲအားလုံးဟာ ၅ဂိုးပြတ်နဲ့ နိုင်ခဲ့ရမယ့် ပွဲတွေချည်းပဲဖြစ်တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီလိုစံချိန်ကို ပထမဆုံးရရှိတဲ့ အင်္ဂလန်ကလပ်ဖြစ်လာခဲ့တာပါ။ 

ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ အသင်းတိုက်စစ်ပိုင်းအနေနဲ့ ဒီထက်မက ဂိုးတွေသွင်းနိုင်ခဲ့သင့်တယ်လို့ ယူဆနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဗီလာနဲ့ပွဲအပြီးမှာ အမေးအဖြေပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားက တိုက်စစ်ကစားပုံအပေါ် နည်းနည်းစိတ်တိုင်းမကျဖြစ်နေတယ်လို့ ပြောဆိုသွားခဲ့တာပါ။ 

"တကယ်ဆိုရင် အဲဒီပွဲတွေအားလုံးက ငါးဂိုးပြတ်နဲ့ နိုင်ခဲ့ရမယ့်ပွဲတွေပါ၊ အချက်အလက်မှတ်တမ်းတွေအတွက် ကျွန်တော်အံ့သြခဲ့ရပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့ ဂိုးတွေပိုသွင်းခဲ့သင့်တာပါ၊ ကျွန်တော်တို့ ပေးဂိုးမရှိပွဲတွေထပ်ရအောင် ကြိုးစားရဦးမှာဖြစ်ပြီးတော့ လက်ရှိရလဒ်တွေကတော့ တကယ့်ကို ကြီးကျယ်ခမ်းနားပါတယ်"

"ပွဲတိုင်းကို ကျွန်တော်တို့ နိုင်ပွဲလိုချင်စိတ်နဲ့ ကစားသွားရမှာပါ၊ ဒါပေမယ့် ဂိုးကွာဟချက်က ကျွန်တော်တို့မျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်လာမှာမဟုတ်ပါဘူး" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြန်လည်စတင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ သွင်းဂိုး၁၅ ဂိုးအထိ ရရှိထားခဲ့ပြီး ပေးဂိုးကတော့ ၃ဂိုးတည်းသာရှိခဲ့တာဖြစ်ပါတယ်။ 


Author


က္က