သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားခဲ့တာပါ။
Pyae Phyo Thein

ပရီးမီးယားလိဂ်မှာ ဖာနန်ဒက်စ်က တစ်ပွဲကိုတစ်ဂိုးနှုန်း အသင်းအတွက် တိုက်ရိုက်ပါဝင်ခဲ့ပြီးတော့ ၅ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားခဲ့ပြီး သူ့ရဲ့ အိုးထရက်ဖို့ဒ်ကစားသမားဘဝဟာ တာထွက်လှခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက််အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီးခြေစွမ်းပြခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာ အသင်းဖော်ပေါ့ဂ်ဘာ နဲ့ ဂရင်းဝုဒ်တို့ရဲ့ ဖန်တီးပေးမှုတွေကနေ သွင်းယူခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစုစုပေါင်း ၈ ပွဲသာ ကစားပေးထားရသေးတာဖြစ်ပါတယ်။ အဆိုပါ ၈ ပွဲမှာတော့ ဖာနန်ဒက်စ်ဟာ တစ်ပွဲကိုတစ်ဂိုးနှုန်း အသင်းအတွက် တိုက်ရိုက်ပါဝင်ခဲ့ပြီးတော့ ၅ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားခဲ့ပြီး သူ့ရဲ့ အိုးထရက်ဖို့ဒ်ကစားသမားဘဝဟာ တာထွက်လှခဲ့ပါတယ်။ 

ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုတွေကိုလည်း ယူနိုက်တက်ကစားသမားဘဝမှာ ၆ ကြိမ်အထိ ဖာနန်ဒက်စ်က ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်အသင်းသမိုင်းမှာတော့ အခုလို ၈ ပွဲကစားအပြီးမှာ သွင်းဂိုးအများဆုံးတိုက်ရိုက်ပါဝင်ပတ်သက်နို်င်ခဲ့သူက အသင်းတိုက်စစ်မှူးဟောင်းဗန်ပါစီဖြစ်ပြီး စုစုပေါင်း ၉ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ ဖာနန်ဒက်စ်ထက် တစ်ကြိမ်တည်းသာ သာလွန်တဲ့စွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ဧရိယာစည်းထိပ်နားက ပေးပို့မှုကို ဖာနန်ဒက်စ်က သူကန်သွင်းနေကျပုံစံအတိုင်း ကန်သွင်းရယူနိုင်ခဲ့ပါတယ်။ နောက်ထပ်တစ်ဂိုးကတော့ မက်ဂွိုင်းယား၊ မာတစ် နဲ့ ဂရင်းဝုဒ်တို့ရဲ့ လှပတဲ့ တွဲလုံးကတဆင့် ရရှိခဲ့တဲ့ အခွင့်အရေးကို ဧရိယာအတွင်းမှာ အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က