အခြားလိဂ်တွေကို ရောင်းချခွင့်ရှိနေသေးတာဖြစ်ပါတယ်။
Kg Htet

အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်အသင်းတွေဟာ ကစားသမားတွေကို ပြည်ပကလပ်အသင်းတွေကို ရောင်းချခွင့်ရှိနေဆဲဖြစ်တာကြောင့် အာဆင်နယ်အသင်းကလည်း ခြေစွမ်းမပြသနိုင်တဲ့ ကစားသမား ၂ ဦးကို ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

အာဆင်နယ်နောက်ခံကစားသမား မူစတာဖီနဲ့ ကွင်းလယ်ကစားသမား အယ်နီနီတို့ကို အာဆင်နယ်အသင်းက အရောင်းစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပြီး အခြားလိဂ်တွေရဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိ ခေါ်ယူနိုင်တဲ့ကစားသမားတွေအဖြစ် ဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။



အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဗဟိုခံစစ်နဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ ဒါနီဆီဘယ်လော့စ်တို့ကို ခေါ်ယူနိုင်ခဲ့တာကြောင့် မူစတာဖီနဲ့ အယ်နီနီတို့ဟာ အရန်အဖြစ်နဲ့တောင် အသင်းအတွက် မလိုအပ်တော့တာဖြစ်ပါတယ်။

Evening Standard ရဲ့သတင်းအရ မူစတာဖီကို ပြင်သစ်နဲ့ ဂျာမနီက ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သိရပေမယ့် ကမ်းလှမ်းမှုတစ်စုံတခုမှ ရောက်ရှိလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အယ်နီနီကလည်း တူရကီအသင်းဖြစ်တဲ့ ဂလာတာဆာရေးအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် အပြီးသတ်သဘောတူညီမှုရရှိဖို့ ဝေးကွာနေဆဲဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူစတာဖီဟာ အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် ခံစစ်အမှားအယွင်းတွေကြောင့် ပုံမှန်လိုလို ပြစ်တင်ဝေဖန်ခံခဲ့ရပြီး ယခုရာသီအတွက် ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က