တိုးတက်ဖို့ များစွာ လိုသေးကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် ၈ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ဒါဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနှစ် ခြေစွမ်းက ဘယ်လိုမှ လက်ခံနိုင်စရာမရှိပဲ အသင်းကို စတင်ရောက် ရှိချိန်ကတည်းက အခုချိန်အထိ အခက်ခဲဆုံးအခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ နယူးကာဆယ်နဲ့ပွဲအပြီး မှာ ပြောသွားတယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



ယူနိုက်တက်ကတော့ မနေ့က နယူးကာဆယ်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်း အဆင့် ၁၂ မှာဆင်းသက်ရပ်တည်နေရပြီး တန်းဆင်းဇုန်က အသင်းထက် ၂ မှတ်အသာမှာသာ ရှိနေပါတော့တယ်။

“ ပွဲအခြေအနေက လက်ခံနိုင်စရာမရှိပါဘူး။ရာသီတစ်ခုလုံးသွားဖို့က အများကြီးကျန်နေသေးချိန်မှာ ဒီအခြေအ နေကတော့ ဘယ်လိုမှ လက်ခံလို့ အဆင်မပြေပါဘူး။” လို့ ဒီဂီယာက ပြောလိုက်တာပါ။

ပွဲချိန်အတွင်း ထိရောက်တဲ့ အခွင့်အရေး ဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့သလို တိုးတက်ဖို့ များစွာလိုအပ်နေသေး တယ်လို့လည်း ဒီဂီယာက sky sports မီဒီယာကို ပြောသွားတာပါ။



အသင်းမှာ ဒဏ်ရာရကစားသမားတွေ ရှိနေပေမယ့်လည်း ဒါက အကြောင်းပြချက်အဖြစ် ရှိမနေတဲ့အကြောင်းနဲ့ ယူနိုက်တက်အသင်းဖြစ်တာကြောင့် ပိုကြိုးစားပြီး နိုင်ပွဲတွေဆီ ပြန်လာနိုင်ဖို့ စွမ်းဆောင်ရမယ်လို့လည်း ဒီဂီယာက အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

အခုလို နယူးကာဆယ်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဟာ ယူနိုက်တက်အသင်းအတွက်တော့ ပရီးမီးယားလိဂ် အဝေးကွင်း ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွား ဆုံးရာသီနဲ့ ရင်ဆိုင်နေရတာပါ။

Share

Loading Next Article...
က္က