၂ ပွဲကစားခဲ့ပြီး ပထမပွဲမှာ အရေးနိမ့်ကာ ဒုတိယပွဲမှ အနိုင်ရခဲ့ပါတယ်။
Pyae Phyo Thein

ပထမပွဲစဉ်မှာတော့ ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ ပါဝင်ကစားပေးခဲ့ပြီး ချေပဂိုးကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။


ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်လည်ကစားဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က ချန်ပီယံရှစ်ကလပ်ဝက်ဘရွန်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။ စုစုပေါင်း ၂ပွဲကစားခဲ့တာဖြစ်ပြီး ပထမပွဲမှာအရေးနိမ့်ခဲ့ကာ ဒုတိယပွဲကျမှပြန်လည်အနိုင်ကစားနိုင်ခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

ပထမပွဲစဉ်မှာတော့ ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ ပါဝင်ကစားပေးခဲ့ပြီး ချေပဂိုးကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲဟာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့အတွက် ပထမဆုံးအကြိမ်ပူးတွဲကစားခဲ့ရတာ ဖြစ်ပြီးတော့ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒုတိယပွဲမှာ ယူနိုက်တက်က ၃-၁ နဲ့ ပြန်လည်အနိုင်ရရှိခဲ့ကာ ပါရဲရားက ၂ဂိုး၊ တာဟစ်ချောင်က ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့အသင်းမှာတော့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ အီဂါလို၊ မာတာ၊ လင်ဂတ်၊ ဘစ်စ်ကာ၊ လုခ်ရှောနဲ့ ဒီဂီယာတို့ ပါဝင်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ စပါးနဲ့ အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲအတွက် ရည်ရွယ်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပွဲစလုံးကို ကွင်းပိတ်ကျင်းပခဲ့တာဖြစ်ပြီး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်ကစားခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားခဲ့တဲ့ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိထားဘဲ ရလဒ်ကောင်းတွေတောက်လျှောက်ရရှိနေခဲ့ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်ဆိုင်းထားခဲ့ရပြီး စပါးနဲ့ပွဲမှာတော့ သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ပြီးချဲ့ထွင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


Author


က္က