လက်ရှိယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေသူပါ။
Pyae Phyo Thein

မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ချယ်လ်ဆီးကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မာတစ်ဟာ ကွင်းလယ်တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ကစားပေးနိုင်သူဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းအတွက်ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူမာတစ်ကို သုံးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ နာမည်ကျော်သတင်းထောက် ဂီအန်လူကာဒီမာဇီယိုက ဖော်ပြခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်ဟာ အဓိကကွင်းလယ်လူကို ၂၀၂၃ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေစေတော့မှာဖြစ်ပါတယ်။ 

ဆိုးလ်ရှားရဲ့အသင်းမှာ မာတစ်က အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပြီးနောက် စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်အစောပိုင်းကာလမှာ မာတစ်က ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး အသင်းကပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် လက်ရှိမှာ အားအကိုးရဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ 

မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ချယ်လ်ဆီးကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ မာတစ်ဟာ ကွင်းလယ်တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ကစားပေးနိုင်သူဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ် နဲ့ မာတစ်တို့ရဲ့ ကွင်းလယ်ပိုင်းပေါင်းစပ်မှုက ယူနိုက်တက်အတွက် တော်တော်လေးအသုံးဝင်နေခဲ့ပြီလည်းဖြစ်ပါတယ်။ 

မကြာခင်မှာ မာတစ်ကို စာချုပ်သစ်ချုပ်ဆိုမှုကို ယူနိုက်တက်ဘက်က တရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဆာဘီးယားကွင်းလယ်လူအနေနဲ့ ၂၀၂၃ ခုနှစ်အထိ ဆက်လက်ရှိနေမယ်ဆိုပါက အိုးထရက်ဖို့ဒ်မှာ စုစုပေါင်း ၇ ရာသီကြာတဲ့အထိ ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အကြိုက်ဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပြီး ဆက်လက်ခြေစွမ်းပြနိုင်မလားစောင့်ကြည့်ရတော့မှာပါ။ 


Author


က္က