၀က်ဖို့ဒ်သာ အနိုင်ရခဲ့ရင် ယူရိုပါလိဂ်ကို ခြေစစ်ပွဲဝင်ကစားရတော့မှာပါ။
Pyae Phyo Thein

ယူနိုက်တက်ဟာ တန်းဆင်းသွားခဲ့ရတဲ့ ဟတ်ဒါဖီးလ်ကို အဝေးကွင်းမှာ အနိုင်မကစားနိုင်ခဲ့ပဲ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဟတ်ဒါဖီးလ်ကို သရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေအတွက်တော့ ရာသီဇာတ်သိမ်းပိုင်းက တောင်းဆုပြုမှုတွေနဲ့ပဲ အချိန်ကုန်သွားရဖို့ ရှိနေခဲ့ပါပြီ။ ယူနိုက်တက်ဟာ တန်းဆင်းသွားခဲ့ရတဲ့ ဟတ်ဒါဖီးလ်ကို အဝေးကွင်းမှာ အနိုင်မကစားနိုင်ခဲ့ပဲ တစ်ဂိုးစီသရေကျခဲ့ပြီးနောက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။



ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပေမယ့်လည်း ယူနိုက်တက်အတွက် သိက္ခာကျစရာအဖြစ်တစ်ခုက ရှိနေပါသေးတယ်။ အဲဒါကတော့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဝက်ဖို့ဒ်ကသာ မန်စီးတီးကို အနိုင်ရရှိခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ဝင်ရောက်ကစားခွင့် ရရှိဖို့အတွက် ခြေစစ်ပွဲတွေကနေ စတင်ကစားသွားရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။

Sportbible ရဲ့ ဖော်ပြချက်အရ အဆင့် (၆)နဲ့ ယူနိုက်တက်သာ ရာသီသိမ်းခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးအနိုင်ရဖို့ ဆုတောင်းနေရတော့မှာ ဖြစ်ပါတယ်။ ဆိုခဲ့တဲ့အတိုင်း ဝက်ဖို့ဒ်က အနိုင်ရဗိုလ်စွဲခဲ့မယ်ဆိုရင် ဂျာဗီဂါစီယာရဲ့အသင်းက ယူရိုပါလိဂ် အုပ်စုအဆင့်တွေကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိသွားမှာလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ယူနိုက်တက်က ခြေစစ်ပွဲတွေကစားရမှာဖြစ်လို့ ရာသီကြိုခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားဖို့ကို ဖျက်သိမ်းရတော့မှာလည်း ဖြစ်ပါတယ်။ ICC ဖလားပြိုင်ပွဲအဖြစ် ယူနိုက်တက်ဟာ အင်တာမီလန်၊ စပါး၊ အေစီမီလန်တို့နဲ့ ကစားဖို့ စီစဉ်ထားပြီး ခြေစမ်းပွဲတွေအဖြစ် Perth Glory ၊ လိဒ်ယူနိုက်တက်တို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲကို အောက်ဆုံးအဆင့်ခြေစစ်ပွဲတွေကနေ စတင်ကစားရမယ်ဆိုတာက ယူနိုက်တက်အတွက်တော့ တော်တော်လေးရှက်စရာကောင်းတဲ့ အခြေအနေဖြစ်ပြီး ဒီလိုအခြေအနေကနေ ရှောင်လွှဲနိုင်ဖို့အတွက် ယူနိုက်တက်ပရိသတ်တွေကတော့ မျှော်လင့်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးအနိုင်ရအောင် နောက်ထပ်တစ်ကြိမ် ယူနိုက်တက်ပရိသတ်တွေ ဆုတောင်းရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်များအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး ရရှိသွားစေဖို့အတွက် မန်ချက်စတာ ဒါဘီပွဲမှာလည်း မန်စီးတီးကို အနိုင်ရဖို့ ဆန္ဒပြုခဲ့ကြပြီး ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က