ဇူလိုင် ၁၈ နဲ့ ၁၉ မှာ ကစားသွားကြမှာပါ။
Pyae Phyo Thein

ဆီမီးဖိုင်နယ်ကို မန်ချက်စတာမြို့ခံကလပ်အသင်းနှစ်သင်းနဲ့ လန်ဒန်မြို့ခံကလပ်အသင်းနှစ်သင်းတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ အက်ဖ်အေဖလားသမိုင်းမှာ ပထမဆုံးအကြိမ်လို့လည်း ဆိုရပါလိမ့်မယ်။


အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ရာမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို မန်ချက်စတာမြို့ခံကလပ်အသင်းနှစ်သင်းနဲ့ လန်ဒန်မြို့ခံကလပ်အသင်းနှစ်သင်းတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ အက်ဖ်အေဖလားသမိုင်းမှာ ပထမဆုံးအကြိမ်လို့လည်း ဆိုရပါလိမ့်မယ်။

၂၀၁၇ ခုနှစ်မှာ ထိပ်တန်းအသင်းခြောက်သင်းအနက် လေးသင်းက ဆီမီးဖိုင်နယ်အထိတက်ရောက်ခဲ့ပြီးနောက် ဒါဟာနောက်ထပ်တစ်ကြိမ် ထိပ်တန်းအသင်းလေးသင်းကို မြင်တွေ့ရတာလည်းဖြစ်ပါတယ်။ ပိုမိုထူးခြားတာကတော့ မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်နေခဲ့ကြပြီး ဗိုလ်လုပွဲမှာ ဒါဘီပွဲကိုပါ ကြည့်ရှုရနိုင်တဲ့ အခွင့်အရေးကို ပရိသတ်တွေရရှိထားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒီရာသီမှာ တွေ့ဆုံထားခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင်တော့ မန်ချက်စတာအသင်းတွေက အသာစီးရရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ၃ကြိမ်ရင်ဆိုင်ခဲ့ပြီးရာမှာ ၃ ကြိမ်စလုံးကို အနိုင်ယူထားခဲ့ပြီးတော့ စုစုပေါင်း ၈ ဂိုးသွင်းကာ တစ်ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ မန်စီးတီးကတော့ အာဆင်နယ်နဲ့ နှစ်ကြိမ်ရင်ဆိုင်ထားခဲ့ရာမှာ နှစ်ကြိမ်စလုံးကို ၃-၀ နဲ့အနိိုင်ယူထားခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီတစ်ကြိမ်တွေ့ဆုံနေမှုတွေဟာ လန်ဒန်ကလပ်တွေအတွက်တော့ အတိုးရော အရင်းပါပြန်ပေးဆပ်ရမယ့်ပွဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတွေကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့ အလှမ်းကွာနေခဲ့တဲ့အသင်းတွေဖြစ်လို့လည်း ဒီဖလားက အသင်းတိုင်းအတွက်တော့ တော်တော်လေးအရေးပါနေလို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရမှာကတော့ သေချာပါတယ်။ 


Author


က္က