loading...

loading...

loading...

PFA တစ်နှစ်တာ လူငယ်အကောင်းဆုံးဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

စတားလင်းအနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း(PFA)ကပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

အားကစားကလောင်ရှင်များ အဖွဲ့အစည်းက ရွေးချယ်ပေးအပ်တဲ့ ၂၀၁၉ ခုနှစ်အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မန်စီးတီး တိုက်စစ်မှူး စတားလင်းက ရရှိခဲ့တယ်လို့ THE IRISH TIMES သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယခုဆုကိုပေးအပ်တဲ့ အားကစားကလောင်ရှင်များအဖွဲ့အစည်း (FWA) ကလည်း နှစ်စဉ် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည် း(PFA) နည်းတူ ရွေးချယ်ပေးအပ်နေတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် မဲခွဲဆုံးဖြတ်ရာမှာတော့ စတားလင်းက မဲ ၆၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး အသင်းဖော်အဂူရို၊ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရ ဗန်ဒိုက်တို့ကို ဖြတ်ကျော်ပြီး ဆုရယူနိုင်တာလို့ သိရပါတယ်။

စတားလင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် စုစုပေါင်း သွင်းဂိုး ၂၉ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။ မနှစ်က အားကစားကလောင်ရှင်များ အဖွဲ့အစည်းက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာက ရရှိခဲ့ပါတယ်။

စတားလင်းကို အားကစားကလောင်ရှင်များရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခြင်းဟာ ၁၉၆၈-၆၉ ခုနှစ်က တိုနီဘုတ်ခ်နောက်ပိုင်း မန်စီးတီးအသင်း ကစားသမားတစ်ဦးကို ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။


loading...

က္က