တီမိုဝါလ်နာအနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားလိုနေတာပါ။
Win Kyaw Min

လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါလ်နာကို ပရီးမီးယားလိဂ်အသင်းအများစုက ခေါ်ယူလိုနေခဲ့တာပါ။

ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန်အခြေအနေအကောင်းဆုံးပိုင်ဆိုင်ထားတဲ့လီဗာပူးအသင်းအနေနဲ့ ဂျာ မနီလက်ရွေးစင်တိုက်စစ်မှူ တီမိုဝါလ်နာကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူအပြိုင်ကမ်း လှမ်းဖို့ရှိနေတယ်လို့ Mirror.com က အခိုင်အမာဖော်ပြလာပါတယ်။

လက်ရှိဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူးတီမိုဝါ လ်နာအနေနဲ့ ပွဲစဉ် ၁၈အပြီး သွင်းဂိုး ၂ဝရရှိထားခြင်းနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရ ပ် တည်နေခဲ့တဲ့အတွက် ဥရောပအသင်း ကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်ချိန်ကတည်းကစပြီးတီမိုဝါလ်နာနဲ့ လိုင်ယွန်  တိုက်စစ်မှူးဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဂျာမနီတိုက်စစ်မှူးအတွက် ပေါင်သန့်း ၈၀ အထိအသုံးပြု ဖို့ အသင့်ရှိနေခဲ့တာပါ။

လက်ရှိသတင်းထွက်ပေါ်မှုတွေအရ ချဲလ်ဆီးအသင်းကတော့ တီမိုဝါလ်နာအတွက် သီးသန့်ဆွေးနွေးခွင့်ရရှိထားပြီဖြစ်ပြီး သဘောတူညီမှုအချို့ရရှိထားသော်လည်း အပြောင်းအရွှေ့အတွက်ဆက်လက်ညှိနှို င်းနေဆဲဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

လိုက်ပ်ဇစ်အသင်းကတော့ ထွက်ပေါ်နေတဲ့သတင်းအချို့အပေါ်ငြင်းဆန်မှုများပြုလုပ်ခဲ့ပေမယ့် တီမိုဝါ လ်နာကို အပြီးတိုင်လက်လွှတ်လိုစိတ်မရှိဘဲ အငှားစာချုပ်နဲ့သာ စေလွှတ်လိုနေတယ်လို့ metro.com ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။


Author


က္က