ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနိုင်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂါရတ်ဘေးလ်နဲ့ ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမား ဝီလီယံတို့ထက် ခရိုအေးရှားအသင်းရဲ့ကြယ်ပွင့်ကစားသမားကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။



NINTCHDBPICT0004229184952.jpg

Photos: Soccerladuma

Sunday Times ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်အဖွဲ့ဟာ နည်းပြမော်ရင်ဟိုကို ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ ချယ်ဆီးကွင်းလယ်ကစားသမား ဝီလီယံတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို ရပ်တန့်ဖို့ ပြောကြားခဲ့ပြီး ယင်းကစားသမား ၂ ဦးထက်ပိုကောင်းမွန်တဲ့ ရွေးချယ်စရာရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုနွေရာသီမှာ တောင်ပံကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုနေတယ်လို့ သိရပြီး ၎င်းရဲ့ကင်းထောက်ဌာနက နည်းပြမော်ရင်ဟိုကို ဖရန့်ဖတ်ကြယ်ပွင့်တောင်ပံကစားသမား အမ်တီရီဘစ်ကို ခေါ်ယူဖို့အတွက် အကြံပြုခဲ့တယ်လို့ သိရပါတယ်။

Photos: Daily Star

 

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အမ်တီရီဘစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့အတူ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့သူဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်နဲ့အတူ တောင်ပံတစ်ဖက်တစ်ချက်စီမှာ အပြိုင်အဆိုင် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

အမ်တီရီဘစ်ဟာ ဂါရတ်ဘေးလ်နဲ့ ဝီလီယံတို့ထက်စာရင် ပြောင်းရွှေ့ကြေးသက်သက်သာသာနဲ့ရရှိနိုင်မယ့်ကစားသမားဖြစ်ပြီး မန်ယူအသင်းရဲ့တောင်ပံကို ပြန်လည်အသက်ဝင်လာစေမယ့်ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အမ်တီရီဘစ်ဟာ ဖရန့်ဖတ်အသင်းအတွက် ၂၈ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က