ချဲလ်ဆီးအသင်းနဲ့ဂျော်ဂျင်ဟိုတို့အကြား စာချုပ်သက်တမ်းမှာ ၂၀၂၃ အထိရှိနေခဲ့တာပါ။
Win Kyaw Min

ဂျူဗင်တပ်နည်းပြဆာရီအနေနဲ့ မတူညီတဲ့အသင်းနှစ်သင်းတွင် အတူလက်တွဲအောင်မြင်ခဲ့တဲ့ တပည့်ဟောင်းဖြ စ်သူကို စီးရီးအေသို့ ပြန်လည်ခေါ်ယူလိုနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့တာပါ။

ချဲလ်ဆီးကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ဘာနက်ဒက်ချီ ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ဂျူဗင်တပ်စီစဉ်နေဆိုတဲ့သတင်းထွက်ပေါ်နေမှုကို အေးဂျင့်ဖြစ်သူက ငြင်းဆန်ပ ယ်ချမှုတွေပြုလုပ်ခဲ့တယ်လို့ Footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုတွင် ဂျူဗင်တပ်အသင်းအနေနဲ့ ဂျော်ဂျင်ဟိုကိုခေါ်ယူနိုင်ရေးအတွက် ချဲလ်ဆီးအ သင်းဆီကို တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ဖို့ အသင့်ရှိနေပြီး ပြောင်းရွှေ့ကြေးအချို့အပြင် အပြောင်းအရွှေ့တ စိတ်တစ်ပိုင်းအဖြစ် အီတလီလက်ရွေးစင်တစ်ဦးဖြစ်သူ ဘာနက်ဒက်ချီကိုပါအလိုက်ပေးကမ်းလှမ်းဖို့ရှိနေတယ် လို့ အီတလီမီဒီယာတွေက အခိုင်အမာဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။



“ ဂျူဗင်တပ်နည်းပြဆာရီက ဂျော်ဂျင်ဟိုကို စိတ်ဝင်စားနေတယ်ဆိုတာ ဖြစ်သင့်တဲ့အခြေအနေပါ။ အောင်မြင်မှု အတူတူရခဲ့ဖူးတဲ့ ဆရာတပည့်နှစ်ယောက်ကြားမှာ ဒီလိုသတင်းမျိုးဆိုတာရှိတတ်ပါတယ်။ ဒါပေမဲ့ မီဒီယာတွေ၊ ဂျာနယ်တွေမှာ ဖော်ပြထားတာက တကယ်ကိုကောလဟာလတွေပါ။ ဂျူဗင်တပ်အသင်းဆီကနေ တရားဝင်က မ်းလှမ်းမှုကို လက်ခံရရှိထားခြင်းမရှိသေးပါဘူး ” လို့ အေးဂျင့်ဂျို့စ်ဆန်းတို့စ်က TuttoJuve.com နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဂျော်ဂျင်ဟိုအနေနဲ့ ချဲလ်ဆီးအသင်းရဲ့အဓိက,ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေဆဲဖြစ်ပေမယ့် နည်းပြလမ်း ပတ်ရဲ့လူငယ်အချို့ကို အခွင့်အရေးပေးဖို့ စီစဉ်နေမှုများကြောင့် အသင်းကနေထွက်ခွာလိုနေတယ်လို့သတင်း ဖော်ပြမှုတွေရှိခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းလုံးဘက်က အတည်ပြုခြင်းမရှိဘဲ ကာယကံရှင်ဖြစ် သူကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းမှာပဲ အနာဂတ်ဆက်ရှိနေဖို့ရှိတယ်လို့ အရိပ်အမြွတ်ပြောဆိုခဲ့ခြင်းကြော င့် အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေနည်းပါးခဲ့ပြီလည်းဖြစ်ပါတယ်။


Author


က္က