အင်္ဂလန်အက်ဖ်အေက စည်းဝေးဆုံးဖြတ်မယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

မက်ဂွိုင်းယားကတော့ ဂရိမှာ ရန်ဖြစ်လို့ အဖမ်းခံခဲ့ရပေမယ့် တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လည်လွှတ် ပေးခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကတော့ ဂရိမှာ ဖမ်းခံခဲ့ရတဲ့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားနဲ့ပတ်သက်ပြီး အကြပ်အတည်းတွေ စတင်ရင်ဆိုင်နေရပါပြီ။

အင်္ဂလန်နည်းပြ ‌ဆောက်ဂိတ်အနေနဲ့က‌တော့ ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယား ကိုလာမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် ခေါ်ယူဖို့ စဥ်းစားထားပါတယ်။

ဒါပေမယ့်လည်း မက်ဂွိုင်းယားဟာ ဂရိကို အလည်အပတ်သွားစဥ် ပြဿနာဖြစ်ပွားလို့ တရားရုံးမှာ ဖမ်းဆီး စစ်ဆေးခြင်းကို ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ဒါကြောင့် Daily Mail ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ မက်ဂွိုင်းယားကို အင်္ဂလန်လူစာရင်းမှာ မထည့်သွင်းဖို့ ပြောဆိုသံတွေလည်း ထွက်ပေါ်နေပြီး အင်္ဂါနေ့မှာ ထုတ်ပြန်မယ့် အသင်းလူစာရင်းအတွက် ‌ဆောက်ဂိတ် ခေါင်းစားနေရပါပြီ။

ပုံမှန်ဆိုရင်တော့ မက်ဂွိုင်းယားက ဆောက်ဂိတ်ရဲ့ ဦးစားပေး ကစားသမားဖြစ်ပေမယ့်လည်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ဥပဒေနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စတွေကြောင့် မက်ဂွိုင်းယားကို လူစာရင်းထည့်သွင်းမယ့် ကိစ္စကလည်း ငြင်းခုံစရာ ဖြစ်နေတာပါ။

ဒါကြောင့် အင်္ဂလန်အက်ဖ်အေက မက်ဂွိုင်းယားကို လူစာရင်းမှာ ရွေးချယ်သင့်မသင့်ကို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

ကစားသမားအနေနဲ့ကတော့ ယခုနှစ်ဘောလုံးရာသီမှာ မိနစ်ပေါင်း ၅၅၀၂မိနစ်ကစားထားခဲ့ပြီး အခြားသော ကစားသမားတွေထက် ပိုမို ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ နေးရှင်းလိဂ်ပွဲစဥ်တွေအဖြစ် အိုက်စလန်၊ဒိန်းမတ်အသင်းတို့နဲ့ လာမယ့်လအတွင်းမှာ ကစားဖို့ရှိနေတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က