ရဲတပ်ဖွဲ့ကို ပြန်လည်ခုခံဖို့ ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။
Pyae Phyo Thein

မိုင်ကိုနို့ခ်ကို ရောက်ရှိနေတဲ့ မက်ဂွိုင်းယားဟာ အခြားသော အင်္ဂလိပ်ခရီးသွားဧည့်သည်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ ဂရိနိုင်ငံကို အလည်အပတ်ခရီးထွက်နေစဉ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။ မိုင်ကိုနို့ခ်ကို ရောက်ရှိနေတဲ့ မက်ဂွိုင်းယားဟာ အခြားသော အင်္ဂလိပ်ခရီးသွားဧည့်သည်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။ 

ရန်ပွဲကိုဖျန်ဖြေပေးဖို့အတွက် ရဲတပ်ဖွဲ့ဘက်က ကြိုးစားခဲ့ရပြီး ခုခံတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မက်ဂွိုင်းယားကို ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဒီနောက်မှာတော့ မက်ဂွိုင်းယားပါဝင်ပတ်သက်တယ်လို ့ထင်ရှားခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဂရိရဲတပ်ဖွဲ့က အတည်ပြုခဲ့ကာ ယူနိုက်တက်နောက်ခံလူအတွက်တော့ အရှက်ရစရာဖြစ်ခဲ့ရပါတယ်။ 

သောကြာနေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကြာသပတေးနေ့ညမှာ မက်ဂွိုင်းယားက သူ့ကိုမှတ်မိသိရှိတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဆိုပါပရိသတ်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ အဲဒီနောက်တော့ ဘားအပြင်ဘက်မှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သူလည်း ပါဝင်ခဲ့ကာ ဖမ်းဆီးခံခဲ့ရတယ်လို့ protothema က ဖော်ပြခဲ့ပါတယ်။ 

Matogiannia မှာရှိတဲ့ လမ်းကြားတစ်ခုကိုလည်း အသေးစားစင်မြင့်တစ်ခုသဖွယ် ဖန်တီးပြီးတော့ ပျော်ရွှင်နေခဲ့ပြီးနောက်မှာ အခုလိုမျိုးတွေဖြစ်ပျက်ခဲ့တာပါ။ လက်ရှိအချိန်ထိတော့ မက်ဂွိုင်းယားအနေနဲ့ ပြန်လည်လွတ်မြောက်လာပြီလား၊ ဆက်လက်ထိန်းသိမ်းခံထားရလားဆိုတာကို အတိအကျမသိရသေးပေမယ့် စိတ်ပျက်စရာအခြေအနေတစ်ခုအဖြစ်တော့ ရှိနေခဲ့ပါတယ်။ 


Author


က္က