အလည်အပတ်သွားရင်း အခြားခရီးသည်တွေနဲ့ ရန်ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဂရိကို အလည်အပတ်သွားရင်း အခြားခရီးသည်တွေနဲ့ ရန်ဖြစ်တာကို ရဲတပ်ဖွဲ့က ဖျန်ဖြေပေးခဲ့ရပြီး တရားရုံးကို စွဲချက်တင်ခဲ့ရာမှာတော့ တရားရုံးက မက်ဂွိုင်းယားမှာ အပြစ်မရှိကြောင်းဆိုကာ ပြန်လွှတ်ပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ ဂရိနိုင်ငံကို အလည်အပတ်ခရီးထွက်နေစဉ်အတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။ မိုင်ကိုနို့ခ်ကို ရောက်ရှိနေတဲ့ မက်ဂွိုင်းယားဟာ အခြားသော အင်္ဂလိပ်ခရီးသွားဧည့်သည်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။ 



သောကြာနေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကြာသပတေးနေ့ညမှာ မက်ဂွိုင်းယားက သူ့ကိုမှတ်မိသိရှိတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဆိုပါပရိသတ်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ အဲဒီနောက်တော့ ဘားအပြင်ဘက်မှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သူလည်း ပါဝင်ခဲ့ကာ ဖမ်းဆီးခံခဲ့ရတယ်လို့ protothema က ဖော်ပြခဲ့ပါတယ်။ 

လက်ရှိမှာတော့ တရားရုံးက မက်ဂွိုင်းယားကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် အိမ်ပြန်ခွင့်ရပြီလို့ လည်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဖမ်းဆီးခံခဲ့ရပေမယ့် မက်ဂွိုင်းယားကို ဘယ်လိုစွဲချက်မျိုးနဲ့ အမှုစစ်ဆေးခဲ့တာလဲဆိုတာကိုတော့ ရှင်းရှင်း လင်း လင်းမသိရဘူးဖြစ်နေပါတယ်။

တရားရုံးက ပြန်လည်လွတ်မြောက်ပြီးနောက် မက်ဂွိုင်းယားက စကားတစ်ခွန်းမှ မပြောခဲ့ပေမယ့်လည်း သူ့ရှေ့ နေကတော့ သူအခု လွတ်လပ်သွားပြီလို့ သတင်းမီဒီယာတွေကို ဖြေပေးခဲ့ပါတယ်။

မက်ဂွိုင်းယားကတော့ ၂၀၁၉ခုနှစ်က လက်စတာာအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင်သန်း ၈၀နဲ့ ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူအဖြစ် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က