ငွေကြေးတစ်စုံတစ်ရာ သူတို့မရရှိခဲ့ဘူးလို့ တရားဝင်စာထုတ်ပြန်ခဲ့တာပါ။
Pyae Phyo Thein

ဘန်းဖီးလ်အနေနဲ့ ဂျိမ်းစ်ရဲ့ အပြောင်းအရွှေ့တိုင်းမှာ ရာခိုင်နှုန်းအားဖြင့် အကျိုးအမြတ်ခံစားခွင့်ရရှိဖို့ရှိခဲ့ပေမယ့် အခုအခါမှာ ငွေကြေးမရရှိတာကြောင့် အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အဲဗာတန်ကို အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာကြယ်ပွင့်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အာဂျင်တီးနားကလပ်ဘန်းဖီးလ်က ပြောဆိုလိုက်ပါတယ်။ သူတို့အနေနဲ့ အဲဒီအပြောင်းအရွှေ့ကနေ ငွေကြေးတစ်ပြားတစ်ချပ်မှ အကျိုးခံစားခွင့်မရခဲ့ဘူးလို့ ဘန်းဖီးလ်အသင်းက တရားဝင်စာရေးသားထုတ်ပြန်ခဲ့တာပါ။

ဂျိမ်းစ်ဟာ ပေါင် ၂၂သန်းနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ပါတယ်။ ဘန်းဖီးလ်အနေနဲ့ ဂျိမ်းစ်ရဲ့ အပြောင်းအရွှေ့တိုင်းမှာ ရာခိုင်နှုန်းအားဖြင့် အကျိုးအမြတ်ခံစားခွင့်ရရှိဖို့ရှိခဲ့ပေမယ့် အခုအခါမှာ ငွေကြေးမရရှိတာကြောင့် အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

"ဒီအပြောင်းအရွှေ့ကို ကျွန်တော်တို့ ကြားသိခဲ့ရပြီးနောက်မှာပဲ လက်ရှိဖီဖာရဲ့ စည်းမျဉ်းတွေအတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်ခဲ့ပြီး ငွေကြေးရရှိနိုင်မလား စုံစမ်းခဲ့ပါတယ်၊ သတင်းဌာနအများအပြားကလည်း ဒီအပြောင်းအရွှေ့မှာ ငွေကြေးသိသိသာသာကုန်ကျမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ကြတာပါ၊ ဘန်းဖီးလ်အနေနဲ့ ကစားသမားကို ပျိုးထောင်ပေးမှုအတွက် အကျိုးအမြတ်ခံစားခွင့်ရှိပါတယ်"

"ဒါကို ကျွန်တော်တို့ စုံစမ်းခဲ့တဲ့နောက်မှာတော့ အဲဒီလိုမဟုတ်ဘူးဆိုတာကို တွေ့ခဲ့ရပါတယ်၊ ကံမကောင်းစွာနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အပြောင်းအရွှေ့က ငွေကြေးမပါဝင်ခဲ့လို့ ကျွန်တော်တို့လည်း ငွေကြေးရနိုင်စရာမရှိခဲ့ပါဘူး၊ ဒီအပြောင်းအရွှေ့က အလွတ်ပြောင်းရွှေ့မှုနဲ့ ဆောင်ရွက်ခဲ့တာပါ" လို့ ဘန်းဖီးလ်အသင်းက တရားဝင်စာရေးသားထုတ်ပြန်ခဲ့တယ်လို့ Goal.com ကဖော်ပြခဲ့ပါတယ်


ဂျိမ်းစ်ဟာ  ၂၀၁၀ မှာ ပေါ်တိုကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေတဆင့် မိုနာကို၊ ရီးရဲလ်တို့ကို ပြောင်းရွှေ့ခဲ့ပြီး အဆိုပါအပြောင်းအရွှေ့တွေမှာတော့ ဘန်းဖီးလ်အနေနဲ့ ငွေကြေးအကျိုးအမြတ်ခံစားခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


Author


က္က