အံ့အားသင့်ဖွယ်စွမ်းဆောင်မှုနဲ့ စိတ်ဓာတ်ပိုင်းလို့ ပရိသတ်တွေက ချီးကျူးနေပါတယ်။
Pyae Phyo Thein

အဆိုပါဂိုးပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ စပါးအနေနဲ့ အရေးနိမ့်မှာဖြစ်ပေမယ့် ဆွန်ဟောင်မင်ကတော့ အကောင်းဆုံးအားထုတ်မှုကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။


စပါးအသင်းတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းဂိုးမပေးရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုရရှိနေပြီဖြစ်ပါတယ်။ စပါးက ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဆွန်ဟောင်မင်က အသင်းဂိုးထပ်မပေးရဖို့အတွက် အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးက ၂-၁ နဲ့ အရေးနိမ့်နေပြီး ပွဲချိန်နောက်ဆုံးမိနစ်မှာ နောက်ထပ်တစ်ဂိုးပေးရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီးနောက် အသင်းဂိုးသမားဖြစ်သူပါ ရှေ့ထိတက်သွားခဲ့ပြီး ချေပဂိုးရဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ပွဲကစားချိန်နောက်ဆုံးမိနစ်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အဆိုပါထောင့်ကန်ဘောကတဆင့် ဝက်ဖို့ဒ်က ဘောလုံးရခဲ့ပြီး တိုက်စစ်ပြန်ဆင်ခဲ့တာဖြစ်ပါတယ်။



နောက်ခံလူနာဗာရိုက ဘောလုံးဆွဲယူလာခဲ့ပြီးနောက် ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ကွင်းလယ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ဆွန်ဟောင်မင်ကလည်း ခံစစ်ပိုင်းကိုကူညီဖို့ နောက်ကိုပြေးဆင်းနေခဲ့ပြီး ပြိုင်ဘက်က ဂိုးသွင်းယူချိန်မှာ ကွင်းလယ်စည်းကို ရောက်ရှိနေခဲ့ပြီး အားကုန်ပြေးလွှားခဲ့ကာ ဂိုးဝင်ခါနီးကို ဟန့်တားသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဂိုးပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ စပါးအနေနဲ့ အရေးနိမ့်မှာဖြစ်ပေမယ့် ဆွန်ဟောင်မင်ကတော့ အကောင်းဆုံးအားထုတ်မှုကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲအပြီးမှာ ပရိသတ်တွေက ချီးကျူးပြောဆိုနေခဲ့ကြပြီး ခြေစမ်းပွဲတစ်ပွဲဖြစ်ပေမယ့်လည်း အကောင်းဆုံးစိတ်ဓာတ်နဲ့ ကစားသွားခဲ့တယ်လို့ ပရိသတ်တစ်ဦးကချီးကျူးခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author


က္က