loading...

loading...

loading...

မည်သူဆိုတာကို အတိအကျမသိရသေးပဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Kyaw Ko Ko Sint

ဒီဖြစ်စဉ်ကို လူမှုကွန်ရက်ကတဆင့် သိရတာဖြစ်ကာ ဝက်စ်ဟမ်းအသင်းက ပါဝင်သူတွေကို တစ်သက်တာ ပွဲကြည့်ခွင့်ပိတ်ကာ အသင်းနဲ့လည်း အဝေးကွင်းလိုက်ပါခွင့်ရမှာ မဟုတ်တော့ဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။

မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ မနေ့က ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ မှာ ပွဲချိန် အတွင်း ဂျူး ဆန့်ကျင်ရေး ကြွေးကြော်သံများကို သံပြိုင်သီဆိုခဲ့ကြတဲ့ ဝက်စ်ဟမ်းပရိသတ်များ ရှိခဲ့တယ် လို့ Goal.comကဖော်ပြလာပါတယ်။

ဒီလို သိရှိရခြင်းကလည်း အဆိုပါ ပရိသတ်တွေအနေနဲ့ ယင်းကဲ့သို့ ကွင်းအတွင်း ဂျူး ဆန့်ကျင်ရေး ကြွေးကြော်သံများ သီဆိုနေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာတင်ခဲ့ရာမှာ ပျံ့နှံ့လာတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဒီဖြစ်ရပ်အပေါ် ဝက်စ်ဟမ်အသင်းက ဒီအပြုအမူကို ပြုမူတဲ့ မည်သူမဆို အရေးယူနိုင်ဖို့ ချက်ခြင်း လုပ်ဆောင် သွားမှာပါ၊ ဖြစ်စဉ်ကို အတိအကျ ရရှိပြီဆိုရင်တော့ လန်ဒန်အိမ်ကွင်းကိုလည်း တစ်သက်တာ လာကြည့်ဖို့ ပိတ်ပင်သွားမှာဖြစ်သလို အသင်းနဲ့လည်း လိုက်ပါ ကြည့်ရှုခွင့်ပိတ်သွားမှာ ဖြစ်တယ်လို့ တရား ဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်မှာ ပြုမူခဲ့တဲ့ အပြုအမူတွေက ဝက်စ်ဟမ်းအသင်းရဲ့ ခံယူချက် မဟုတ်သလို ဒီအပြုအမူ ကိုလည်း မိမိတို့က အကြိုဆိုကြောင်း၊ လူ့အသိုင်းအဝိုင်းမှာလည်း လက်ခံဖွယ်ရာ မရှိပဲ စက်ဆုပ်ဖို့ ကောင်း တယ်လို့ ဝက်စ်ဟမ်းအသင်းက ဆက်လက်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုဖြစ်စဉ်ကတော့ လက်ရှိမှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့လူမျိုးရေးခွဲခြားမှု ဖြစ်စဉ်ဖြစ်ခဲ့ပြီး ဒီရှေ့မှာလည်း အီတလီ စီးရီးအေက ဂျူဗင်တပ် တိုက်စစ်မှူး မွိုက်ဆီ ကီယန်ကလည်း ကယ်ဂလီယာရီအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အောင်ပွဲခံချိန် လူမျိုးရေးခွဲခြား ဆက်ဆံ ခံခဲ့ရပါသေးတယ်။

ဒီလို လူမျိုးရေး ခွဲခြားမှု ဖြစ်စဉ်တွေ ရပ်တန့်ဖို့ လိုပြီလို့တော့ ဖီဖာ ဥက္ကဌ အင်ဖန်တီနိုက ထုတ်ဖော်ပြောလာ တာ ရှိပြီး - “ လတ်တလော ရက်တွေအတွင်းမှာ လူမျိုးရေး ခွဲခြားမှု ဖြစ်စဉ်တွေ မြင်တွေ့ရတာ စိတ်မ ကောင်းဘူးလို့လည်း ပြောသွားပါတယ်။


loading...

က္က