အသက် ၂၀ အရွယ်မှာပဲ လီဗာပူးလ်ရဲ့ အဓိကကစားသမားဖြစ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။


လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်ဟာ လီဗာပူးလ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အာနိုးလ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်အကောင်းဆုံးအသင်း၊ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတို့မှာ ပါဝင်နိုင်ခဲ့သူလည်း ဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း နောက်ခံလူတစ်ဦးက ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ပေးနိုင်ခဲ့တာလည်းဖြစ်ပြီး ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေအတွက် ပိုမိုဂုဏ်ယူစရာကတော့ အာနိုးလ်ဟာ အဲဗာတန်ကစားသမားနှစ်ဦးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟင့်ချ်ကလစ် နဲ့ လေတန်ဘိန်းစ်တို့ဟာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၁ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး နောက်ခံလူတွေထဲမှာ ဂိုးဖန်တီးမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အာနိုးလ်က အဆိုပါစံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်ရဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ လီဗာပူးလ်နောက်တန်းမှာ ဘယ်အစွန်နောက်ခံလူရောဘတ်ဆန်နဲ့ အတွဲအဖက်ညီညီကစားပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ အာနိုးလ်နဲ့ ရောဘတ်ဆန်တို့ရဲ့ နှစ်ဦးပေါင်းဂိုးဖန်တီးမှုက ပြီးခဲ့တဲ့ရာသီမှာ ၂၉ ကြိမ်အထိ ရှိခဲ့ပြီး ရောဘတ်ဆန်က ပရီးမီးယားလိဂ်မှာ ၁၁ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ၂ကြိမ်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။



က္က