ရွှေဖိနပ်ဆုကိုတော့ ၂ ရာသီဆက်တိုက် ရယူထားတာပါ။
Pyae Phyo Thein

ဆာလာအနေနဲ့ လီဗာပူးလ်ရရှိခဲ့တဲ့ ၃ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့လို့ အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ပွဲအနည်းဆုံးကစားပြီး ဂိုးပေါင်း ၁၀၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ဘရိုက်တန်နဲ့ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူပေးပြီး တစ်ကြိမ်ဖန်တီးပေးသွားခဲ့ပါတယ်။ ဒါကြောင့် ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ်ဂိုး ၁၉ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ထိပ်ဆုံးကဦးဆောင်နေတဲ့ လက်စတာတိုက်စစ်မှူးဗာဒီနဲ့ ၃ ဂိုးသာကွာဟပါတော့တယ်။

ဆာလာအနေနဲ့ လီဗာပူးလ်ရရှိခဲ့တဲ့ ၃ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့လို့ အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ပွဲအနည်းဆုံးကစားပြီး ဂိုးပေါင်း ၁၀၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ကစားသမားအနေနဲ့ဆိုရင် လေးဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ဂျရတ်၊ ဖောင်လာနဲ့ အိုဝင်တို့ကလည်း အဆိုပါမှတ်တမ်းကို ရရှိထားခဲ့ပါတယ်။

ဒါပေမယ့် ဂျရတ်က ၂၁၂ ပွဲ၊ ဖောင်လာက ၁၅၈ ပွဲ နဲ့ အိုဝင်က ၁၄၈ ပွဲအထိ ကစားခဲ့ရပြီး ဆာလာက ၁၀၄ ပွဲသာကစားခဲ့ကာ ဂိုးပေါင်း ၁ဝဝကို အမြန်ဆုံးပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး ၇၃ ဂိုးနဲ့ ဖန်တီးမှု ၂၇ ကြိမ် ဆာလာက ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဘောလုံးရာသီ ၃ ရာသီအတွင်းမှာပဲ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂နှစ်ဆက်တိုက်ရရှိထားတဲ့ ဆာလာဟာ လက်ကျန်ပွဲတွေမှာသာ အခုလိုခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် ရွှေဖိနပ်ဆုကို ၃ရာသီဆက်တိုက်ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ ရွှေဖိနပ်ဆုကို ၃ရာသီဆက်တိုက် ဆွတ်ခူးနို်င်သူတွေအဖြစ် အလန်ရှီးယားနဲ့ အွန်နရီတို့ နှစ်ဦးတည်းသာရှိနေသေးတယ်လို့လည်း သိရပါတယ်။ 

လီဗာပူးလ်နည်းပြကလော့ပ်ကလည်း "ပြီးခဲ့တဲ့နှစ်နှစ်မှာ ရွှေဖိနပ်ဆုကို သူရခဲ့ပါတယ်၊ မနှစ်ကတော့ ဆာဒီယို၊ အူဘာတို့နဲ့ ပူးတွဲရရှိခဲ့တာပေါ့၊ ဒါက အမြဲတမ်းအရေးကြီးပါတယ်၊ ဆာဒီယိုအတွက်လည်း အရေးကြီးပါတယ်၊ သူ့အတွက် ဒါက လှုံ့ဆော်မှုတစ်ခုအဖြစ် ရှိနေမှာပါ" လို့ ဘရိုက်တန်နဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က