တိတ်တိတ်နေဖို့ အမူအယာပြသခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်ဟာ မန်စီးတီးနဲ့ကစားခဲတဲ့့ပွဲစဉ်အတွင်းမှာ မန်စီးတီးနည်းပြဂွာဒီယိုလာကို ပါးစပ်ပိတ်ထားဖို့အတွက် အမူအယာနဲ့ပြသခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ ၂-၀ နဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့တဲပွဲစဉ်အတွင်း သူတို့နှစ်ဦးကြားမှာ အနည်းငယ်အချေအတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အရေးကြီးနေချိန်မှာ မြို့ခံပြိုင်ဘက်ကို အိမ်ကွင်းမှာ မာရှယ်၊ တော်မီနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က အရေးပါတဲ့ဦးဆောင်ဂိုးရရှိဖို့အတွက် ပြစ်ဒဏ်ဘောကနေ လှလှပပဖန်တီးပေးပို့နိုင်ခဲ့ပြီး ယူနိုက်တက်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာခဲ့ပါတယ်။ 

လက်ပစ်ဘောအဖြစ်သတ်မှတ်ခံခဲ့ရပြီးနောက် နည်းစနစ်ဧရိယာအတွင်းရှိနေခဲ့တဲ့ ဂွာဒီယိုလာက ဘရူနိုဖာနန်ဒက်စ်ကို ဘောလုံးပြန်ပေးဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ သူတို့နှစ်ဦးကြား အပြန်အလှန်စကားပြောဆိုမှုတွေ ရှိခဲ့ကြပြီးနောက် ဘရူနိုဖာနန်ဒက်စ်က နှုတ်ခမး်ပေါ်လက်တင်ကာ တိတ်တိတ်နေဖို့အတွက် ဂွာဒီယိုလာကို ပြောဆိုသွားခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီလိုမျိုးပြုမူခဲ့တဲ့အပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက သဘောကျနေခဲ့ကြပြီး ကစားသမားအနေနဲ့ အချိန်တိုအတွင်းမှာပဲ အိုးထရက်ဖို့ဒ်ရဲ့ကစားသမားပီသခဲ့တယ်လို့ ချီးကျူးမှုတွေရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက်လည်း ဒီနိုင်ပွဲက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ပိုမိုအားကောင်းလာခဲ့ပြီး အဆင့် ၄နေရာက ချယ်လ်ဆီးကို ၃ မှတ်အကွာနဲ့ ဖိအားပေးနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က