လူမှုကွန်ယက်တွေပေါ်မှာ တောင်းဆိုနေကြတာဖြစ်ပါတယ်။
Pyae Phyo Thein

ဂွာဒီယိုလာဟာ ပေါင်သန်း ၆၀၀ ကျော်သုံးစွဲထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ တိုးမပေါက်နိုင်ဖြစ်ခဲ့ရပြီး အဆိုပါအချက်ကို လက်ကိုင်ထားကာ မန်စီးတီးပရိသတ်အချို့က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ 


မန်စီးတီးအသင်းရဲ့ ပရိသတ်အချို့ဟာ နည်းပြဖြစ်သူ ဂွာဒီယိုလာကို အသင်းကနေထုတ်ပယ်ဖို့အတွက် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ လိုင်ယွန်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် အသင်းပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး လူမှုကွန်ရက်တွေပေါ်မှာ #PepOut ဆိုတဲ့ hashtag က တနင်္ဂနွေနေ့နံနက်ပိုင်းမှာ ရေပန်းစားနေခဲ့ပါတယ်။ 

လိုင်ယွန်ကို ၃-၁ နဲ့့ အရေးနိမ့်ခဲ့ပြီးနောက် ဂွာဒီယိုလာဟာ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်နဲ့သာကျေနပ်နေခဲ့ရပါတယ်။ အသင်းကိုရောက်ရှိလာခဲ့ပြီးနောက် ဂွာဒီယိုလာဟာ ပေါင်သန်း ၆၀၀ ကျော်သုံးစွဲထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ တိုးမပေါက်နိုင်ဖြစ်ခဲ့ရပြီး အဆိုပါအချက်ကို လက်ကိုင်ထားကာ မန်စီးတီးပရိသတ်အချို့က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ 

"လိုင်ယွန်ကိုတောင်မှ မနိုင်တာ ဘို်င်ယန်မြူးနစ်ကို မေ့ထားလိုက်တော့၊ ဒါက အရှုံးကောင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူတို့အတွက် အရှက်ရစရာလည်း ဖြစ်လာနိုင်တယ်" လို့ ပရိသတ်တစ်ဦးက ပြောဆိုရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း "အမှတ်တရတွေအတွက် ကျေးဇူးပါ ပပ်၊ ဒါပေမယ့် အခုတော့ ထွက်သွားဖို့အချိန်ရောက်နေပြီ၊ ထွက်ပါတော့" လို့ ရေးသားခဲ့ပါတယ်။ 

ဂွာဒီယိုလာကို ထုတ်ပယ်ဖို့အတွက် တောင်းဆိုနေတဲ့ မန်စီးတီးပရိသတ်တွေကို အခြားသောမန်စီးတီးပရိသတ်တွေကလည်း ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ ပလတ်စတစ်ပရိသတ်တွေလို့ ပြစ်တင်ပြောဆိုခဲ့ကြပြီး အသင်းကိုအကောင်းဆုံးပုံစံရရှိအောင် ဂွာဒီယိုလာက တည်ဆောက်ပေးထားနိုင်ခဲ့တယ်လို့ အကြောင်းပြချက်တွေပေးခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

သူ့လက်ထက်ထက်မှာ ဂွာဒီယိုလာက မန်စီးတီးကို ပရီးမီးယားလိဂ်အမှတ်ပေးဖလား ၂ကြိမ်၊ လိဂ်ဖလား ၃ကြိမ်နဲ့ အက်ဖ်အေဖလားတစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ အကောင်းဆုံးအနေအထားတစ်ခုရှိခဲ့ပေမယ့် လိုင်ယွန်ကိုမကျော်ဖြတ်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အပြစ်မြင်မှုကို ခံနေရပြီလည်းဖြစ်ပါတယ်။ 


Author


က္က