မြို့ခံပြိုင်ဘက်အသင်းကစားသမားကို ချီးကျူးသွားခဲ့တာပါ။
Pyae Phyo Thein

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက်ကစားခဲ့တဲ့ နောက်ဆုံး ၂ပွဲမှာ ၃ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ဖန်တီးမှုတစ်ကြိမ်လည်းပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။


ဒီရာသီမှာ ဂွာဒီယိုလာရဲ့ ယုံကြည်စိတ်ချမှုကို ရယူထားနိုင်ခဲ့တဲ့ လူငယ်ကစားသမား ဖီးလ်ဖိုဒန်က မြို့ခံပြိုင်ဘက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ဟာ သူမြင်တွေ့ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးအဆုံးသတ်သမားလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အပြိုင်ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားအချင်းချင်း ချီးကျူးမှုလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက်ကစားခဲ့တဲ့ နောက်ဆုံး ၂ပွဲမှာ ၃ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ဖန်တီးမှုတစ်ကြိမ်လည်းပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်ကာ အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်လာနိုင်တဲ့အထိ တောက်ပသူလို့လည်း အသင်းဖော်တွေက ချီးကျူးနေကြပါတယ်။ 

ဖိုဒန်ကတော့ "မေဆန်ဂရင်းဝုဒ်၊ သူက ကျွန်တော်မြင်ခဲ့ဖူးသမျှထဲမှာ အဆုံးသတ်ပိုင်းအကောင်းဆုံးပါပဲ၊ သူက ခြေထောက်နှစ်ဖက်စလုံးနဲ့ ကစားနိုင်ပြီး ဧရိယာအတွင်းမှာရော အနီးတဝိုက်မှာပါ ကောင်းကောင်းကစားနိုင်ပြီး အမြဲတမ်းဂိုးသွင်းဖို့ ကြိုစားနေသူပါ၊ သူ့ရဲ့အဆုံးသတ်ပိုင်းကတော့ အဂူရိုလိုပါပဲ၊ သူ့အသက်အရွယ်မှာ လုပ်ပြနေတာက မယုံကြည်နိုင်စရာပါပဲ"

"သူ ဘယ်လိုတွေလုပ်နေတာလဲဆိုတာကို ကျွန်တော်မသိဘူး၊ ဒါက ပွင့်ပွင့်လင်းလင်းပြောတာပါ" လို့ ဖိုဒန်က Premier League Uncut ကို ပြောဆိုသွားခဲ့ပါတယ်။ "ဂိုးသွင်းချိန်မှာလည်း ကန်ချက်က တော်တော်လေးမှန်ကန်တဲ့အမျိုးအစားပါ၊ ကျွန်တော်ဆိုလိုတာကို သိမယ်နဲ့တူတယ်၊ သူက ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကိုသိတယ်၊ ကန်လိုက်တာကလည်းမြန်တော့ ဂိုးသမားအတွက် အမြဲတမ်းထိတ်လန့်စရာပါ" လို့ ထပ်ပြောခဲ့ပါတယ်။ 

ဖိုဒန်ကတော့ ဒီရာသီမှာ မန်စီးတီးအတွက် အကောင်းဆုံးပုံစံပြသနေပြီးတော့ ဂွာဒီယိုလာရဲ့ ချီးကျူးမှုကို ရရှိထားသူဖြစ်ပါတယ်။ ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဖိုဒန်လိုကစားသမားမျိုးကို သူ့ရဲ့နည်းပြဘဝတစ်လျှောက်မှာ မြင်တွေ့ဖူးခြင်းမရှိဘူးလို့ ထုတ်ဖော်ချီးကျူးထားခဲ့တာပါ။ 


Author


က္က