လက်တွေ့လေ့ကျင့်ပေးမယ်လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။
Pyae Phyo Thein

ဂရင်းဝုဒ်ရဲ့ ခေါင်းတိုက်ပုံအားနည်းချက်တွေကို ဆိုးလ်ရှားက ထောက်ပြခဲ့ပြီး လက်တွေ့လေ့ကျင့်ပေးနိုင်တယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။


လူတန်တောင်းအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက တိုက်စစ်မှူးဂရင်းဝုဒ်ကို ခေါင်းတိုက်ကျွမ်းကျင်ဖို့အတွက် တစ်ဦးချင်းလေ့ကျင့်သင်ကြားပေးနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂရင်းဝုဒ်ရဲ့ ခေါင်းတိုက်ပုံအားနည်းချက်တွေကို ဆိုးလ်ရှားက ထောက်ပြခဲ့ပြီး လက်တွေ့လေ့ကျင့်ပေးနိုင်တယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လူတန်တောင်းအသင်းဘက်ကို အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ရာမှာ သူ့ရဲ့ပုံစံအတိုင်း ပြိုင်ဘက်နောက်ခံလူတွေရှေ့ကနေ ဘယ်ခြေနဲ့အပြင်းကန်သွငး်ယူခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်က တိုက်စစ်မှူးတစ်ဦးအဖြစ်ကစားခဲ့ဖူးတဲ့ ဆိုးလ်ရှားက လူငယ်တစ်ဦးသာ ရှိနေသေးတဲ့ ဂရင်းဝုဒ်မှာ အားနည်းချက်တွေရှိနေသေးတယ်လို့ ပြောဆိုခဲ့ပြီး တိုးတက်ဖို့လိုအပ်သေးကြောင်း ထောက်ပြခဲ့ပါတယ်။ 

"သူက ကွင်းလယ်ထိဆင်းကစားနိုင်တယ်၊ သူက တော်တော်လေးငယ်ရွယ်သေးတယ်လို့ ကျွန်တော်ထင်တယ်၊ ရုပ်ပိုင်းဆိုင်ရာအရလည်း လိုအပ်ပါသေးတယ်၊ ပြီးခဲ့တဲ့ရာသီက သူ့အတွက်ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့ပြီး အခုလိုဂိုးတွေရခဲ့တာက တိုက်စစ်မှူးတစ်ဦးအတွက်တော့ နောက်ထပ်ဂိုးတွေကို ဆာလောင်စေဖို့အတွက်ဖြစ်လာစေပါတယ်၊ ယုံကြည်မှုလည်း တိုးပွားလာစေပါတယ်"

"ကျွန်တော်လည်းကစားသမားဘဝမှာ ဧရိယာအပြင်ဘက်က ဂိုးတွေသွင်းယူခဲ့ဖူးပါတယ်၊ သူ့အနေနဲ့ နံပါတ် ၉ တိုက်စစ်မှူးဖြစ်ဖို့ဆိုရင် ခေါင်းတိုက်ဘောတွေ ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်၊ တကယ်လို့ သူ့ဘက်ကဆန္ဒရှိမယ်ဆိုရင် ကျွန်တော်နဲ့ လက်တွေ့လေ့ကျင့်ဖို့ကို ကြိုဆိုနေမှာပါ" လို့ ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ ရာသီအဖွင့်ပွဲမှာ ပဲလေ့စ်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အရေးနိမ့်ထားခဲ့ပြီးနောက် လူတန်တောင်းကို ပြန်လည်အနိုင်ယူကာ ဖိအားတွေကိုအတန်အသင့်လျော့နည်းစေခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံပိုင်းအားနည်းချက်ရှိနေဆဲဖြစ်ပြီး ဆိုးလ်ရှားအတွက် ပြုပြင်စရာတွေ အများကြီးရှိနေပါသေးတယ်။ 


Author


က္က