လာမယ့် အင်္ဂလန်ရဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် ထပ်မခေါ်ပဲ အနားပေးဖို့ တောင်းဆိုလိုက်တာပါ။

အိုက်စလန်နဲ့ ကစားဖို့ ရွေးချယ်ခံခဲ့ပြီးနောက် ဟိုတယ်ခန်းအတွင်း မိန်းကလေးခေါ်မိလို့ အပေါင်းအပါ ဖိုဒန်နဲ့အတူ အိမ်ပြန်ပို့ခံခဲ့ရတဲ့ ဂရင်းဝုဒ်အတွက် ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်က ဖြေရှင်းပေးခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အသက် ၁၈နှစ်အရွယ် မေဆန်ဂရင်းဝုဒ်ကို လာမယ့် အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် မခေါ်ယူတော့ဖို့ တောင်းဆိုလိုက်ပြီလို့ သိရပါတယ်။



အသက် ၁၈နှစ်အရွယ် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့က အိုက်စလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ နိုင်ငံ့လက်‌ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူနဲ့ သူငယ်ချင်းဖြစ်သူ မန်စီးတီးကွင်းလယ်လူ ဖိုဒန်တို့ နှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ် အောင်တားမြစ်ထားတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်မိလို့ အိမ်ပြန်ပို့ခံခဲ့ရပါတယ်။

“အခုနွေရာသီမှာ သူ့ကို အနားပေးပြီး ကျွန်တော် အကောင်းဆုံး ကာကွယ်ပေးရပါလိမ့်မယ်။ကလပ်အသင်းဖက်က ကိုယ်စားပြုပြီးတော့ ဒီကစားသမားဟာ အနားယူဖို့ လိုအပ်နေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။သူ့အနေနဲ့ စိတ်ရော ကိုယ်ပါ အနားယူဖို့ လိုအပ်နေပါတယ်။”လို့ ဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တိုက်စစ်မှူး ဂရင်းဝုဒ်အနေနဲ့လည်း ဟိုတယ်ခန်းအတွင်းသို့ စည်းကမ်းမဲ့ မိန်းကလေးခေါ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် လူသိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ကလပ်အသင်းကို အရှက်ရစေခဲ့တဲ့အတွက် ပြန်လည်တောင်း ပန်မှု ပြုလုပ်ခဲ့ပါတယ်။

အခုလို ဂရင်းဝုဒ်ကို နိုင်ငံအသင်းက ထပ်မခေါ်တော့ဖို့ တောင်းဆိုခဲ့ပေမယ့်လည်း လာမယ့်စနေနေ့မှာ ယူနိုက်တက်အသင်း ကစားရမယ့် ပဲလေ့စ်အသင်းနဲ့ ပွဲအတွက် လူစာရင်းမှာတော့ ဂရင်းဝုဒ်ပါဝင်လာမယ်လို့ ဆိုးလ်ရှားက အတည်ပြုပေးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က