၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးသူဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ကစားခွင့်ရရှိလာခဲ့တဲ့အထိ ခြေစွမ်းပြနေခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားဂရင်းဝုဒ်ကို လုပ်ခလစာ ၂ဆနီးပါးအထိ တိုးမြှင့်ပေးချေကာ စာချုုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ကစားခွင့်ရရှိလာခဲ့တဲ့အထိ ခြေစွမ်းပြနေခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 

The Sun ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ယူနိုက်တက်က ပြင်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၉ လဝန်းကျင်က စာချုပ်သစ်ချုပ်ဆိုထားခဲ့ပေမယ့်လည်း အခုအခါမှာ လစာတိုးမြှင့်ပေးပြီး ချုပ်ဆိုဖို့ ထပ်မံအားထုတ်လာခဲ့တာလည်းဖြစ်လို့ ကစားသမားအတွက်တော့ ကျေနပ်စရာဖြစ်လာခဲ့ရပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခပေါင်နှစ်သောင်းခွဲသာရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာတော့ ပေါင်လေးသောင်းအထိ ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။ အင်္ဂလန်လူငယ်ကစားသမားကို နည်းပြဆိုးလ်ရှားက အသင်းကြီးဆီခေါ်ယူခဲ့ပြီးနောက် လူစားဝင်ကစားသမားအဖြစ် စမ်းသပ်အသုံးပြုနေခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ လက်ရှိမှာ ပုံမှန်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။ 

လက်ရှိမှာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၂၀၂၅ ခုနှစ်အထိ ဖြစ်နိုင်မယ့် စာချုပ်ကို ချုပ်ဆိုဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီနေ့မှာ ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပြီး ဂရင်းဝုဒ်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိမယ်လို့လည်း သိရပါတယ်။ 


Author


က္က