သြစတြေးလျဂိုးသမား မတ်ရိုင်ယန်က ဂိုးသမားတွေကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးနဲ့ ရင်ဆိုင်ရတော့မှာ
မဟုတ်တဲ့အတွက် ကျေနပ်မိကြောင်းကို ဟာသလုပ်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းရဲ့ ဂိုးသမား မက်ရိုင်ယန်က ချယ်လ်ဆီးကနေ ဟာဇက် ထွက်ခွာသွားခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်မိတယ်လို့ ဟာသလုပ်ပြောဆိုသွားခဲ့ပါတယ်။ သြစတြေးလျဂိုးသမား မတ်ရိုင်ယန်က ဂိုးသမားတွေကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးနဲ့ ရင်ဆိုင်ရတော့မှာ
မဟုတ်တဲ့အတွက် ကျေနပ်မိကြောင်းကို ဟာသလုပ်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဟာဇက်ကတော့ ချယ်လ်ဆီးနဲ့အတူ ဘရိုက်တန်ကို (၄)ကြိမ်ရင်ဆိုင်ခဲ့ရာမှာ (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်တယ်လို့ talksport ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီအတွက် ဘရိုက်တန်နဲ့တွေ့တိုင်းမှာ ဒုက္ခပေးနိုင်လေ့ရှိတဲ့ ကစားသမားတစ်ဦးနဲ့ ထိပ်တိုက်မတွေ့ရတော့မှာဖြစ်လို့
မတ်ရိုင်ယန်က စိတ်ကျေနပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
"သူနဲ့ လေးကြိမ်တွေ့ခဲ့ရာမှာ သူ့ရဲ့ကန်သွင်းမှုတွေကို ကျွန်တော်တစ်ကြိမ်မှ မကာကွယ်နိုင်ခဲ့ဘူးထင်တာပဲ၊ သူ့ကန်သွင်းချက်တွေက လွဲချော်ရင်လွဲချော်၊ ဒါမှမဟုတ် ဂိုးဝင်ခဲ့တာမျိုးပဲ ဖြစ်မှာပါ၊ ဒီလိုစိတ်ပျက်စရာ မှတ်တမ်းမျိုးနဲ့ ထပ်တွေ့ရမှာမဟုတ်တော့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ရီးရဲလ်ကို သူ ပြောင်းရွှေ့ခဲ့လို့ ကျွန်တော်တကယ်ကို ကျေနပ်မိပါတယ်"
"နောက်ထပ်တစ်ကြိမ် သူနဲ့ အခွင့်အရေးကြုံလာခဲ့လို့ ထပ်တွေ့ခဲ့မယ်ဆိုရင် သူ့ကို ရပ်တန့်နိုင်အောင် ကြိုးစားသွားချင်ပါတယ်" လို့ မတ်ရိုင်ယန်က Fox Football Podcast နဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။ အီဒင်ဟာဇက်ဟာ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပေါင် (၈၈)သန်းနဲ့ ဒီလအစောပိုင်းမှာပဲ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား၊ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် သူ့ရဲ့ စတန်းဖို့ဒ်ဘရစ်ချ်နောက်ဆုံးရာသီမှာ ဟာဇက်က စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ အသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိဖို့လည်း အကောင်းဆုံးကြိုးစားပေးနိုင်ခဲ့ပါတယ်။