loading...

loading...

loading...

၂၀၁၉-၂၀၂၀
Kg Htet

အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းက ထုတ်ပြန်ကြေညာခဲ့တဲ့ လာမယ့်ရာသီအိမ်ကွင်းဝတ်စုံ ပရိုမိုးရှင်းဓာတ်ပုံရိုက်ကူးမှုမှာ ပါဝင်ခဲ့တဲ့အတွက် ပရိသတ်တွေအတွက် လာမယ့်ရာသီ အသင်းမှာ ဟာဇက် ဆက်လက်ရှိနေနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေမြင့်တက်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ချယ်ဆီးအသင်းကို ၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေသူဖြစ်ပါတယ်။

အီဒင်ဟာဇက်ဟာ ယခုရာသီ ချယ်ဆီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားပေးနေသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားပါတယ်။ ဟာဇက်ရဲ့ယခုရာသီ ခြေစွမ်းဟာ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းအတွက် မျက်စိကျစရာဖြစ်လာခဲ့ပြီး ယခုနွေရာသီ ရီးရဲရဲ့ထိပ်တန်းပစ်မှတ်ထဲမှာ တစ်ဦးအဖြစ် ထည့်သွင်းထားတာဖြစ်ပါတယ်။

မကြာသေးမီက ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဟာဇက်ဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီဖြစ်ပေမယ့် ပရိသတ်တွေဟာ ၂၀၁၉-၂၀၂၀ ရာသီ အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဟာဇက်ရဲ့ဓာတ်ပုံကို မြင်တွေ့ခဲ့ရပြီးနောက် အကောင်းဘက်က ရှုမြင်နေကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က