loading...

loading...

loading...

ပထမဆုံးရာသီမှာ ဂိုးမသွင်းယူနိုင်တာချင်း နှိုင်းယှဉ်ခဲ့တာပါ။
Kg Htet

ချယ်ဆီးနည်းပြ ဆာရီဟာ ဂျူဗင်တပ်အသင်းကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူးဟီဂူအင်ကို လာမယ့်ရာသီ အသင်းမှာ ဆက်လက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဂူအင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသဖို့ ရုန်းကန်နေရပါတယ်။ ချယ်ဆီးအသင်းအတွက် ၁၅ ပွဲပါဝင်ကစားပေးထားပြီး ၄ ဂိုးသာသွင်းယူထားပြီး ဟီဂူအင်ရဲ့ စုစုပေါင်းသွင်းဂိုး ၄ ဂိုးထဲက ၃ ဂိုးဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီဖြစ်တဲ့အသင်းတွေနဲ့တွေ့ဆုံရာမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ ယခုနွေရာသီမှာ ဟီဂူအင်ကို ပေါင် ၃၁ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ပါဝင်သလို ပေါင် ၁၅.၅ သန်းနဲ့ နောက်ထပ်တစ်ရာသီ ထပ်မံ အငှားစာချုပ်နဲ့ ခေါ်ယူခွင့်လည်း ရှိနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရမယ်ဆိုရင် ယခုရာသီကုန်မှာ မည်သည့်ကစားသမားကိုမျှ ခေါ်ယူခွင့်ရှိမှာမဟုတ်ပါဘူး။ သို့သော် ချယ်ဆီးက အယူခံဝင်ပြီးနောက် အနည်းဆုံး ခြောက်လကြာ ကစားသမားခေါ်ယူခွင့်ပိတ်ပ်မှု ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးထားဖို့ မျှော်လင့်နေပါတယ်။

ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်အသင်းအိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲအပြီးမှာ ဆာရီက လာမယ့်ရာသီမှာ ဟီဂူအင် ခြေစွမ်းတိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“သီအိုရီအရပြောရမယ်ဆိုရင် ဟုတ်ပါတယ်(လာမယ့်ရာသီ ချယ်ဆီးနဲ့ အတူရှိနေမှာကိုဆိုလို)။ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ နောက်ရာသီဆို သူ ဂိုးတွေအများကြီးသွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခွင်ကျဖြစ်နေဖို့ဆိုတာ ခက်ခဲပါတယ်။ လူးဝစ္စဆွာရက်ဇ် လီဗာပူးကို စရောက်တဲ့ ပထမဆုံးရာသီမှာ ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး နောက်ရာသီတွေမှာ ၁၆ ဂိုး၊ ပြီးတော့ ၂၄ ဂိုးသွင်းယူနိုင်ခဲ့တာ ကျွန်တော် မှတ်မိပါသေးတယ်”လို့ BBC Sport ကို ပြောကြားခဲ့ပါတယ်။


loading...

က္က