၁၁ ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
Kg Htet

လီဗာပူးနောက်ခံကစားသမား အန်ဒီရောဘတ်ဆန်ဟာ ဟက်ဒါစ်ဖီးလ်အသင်းကို သက်တောင့်သက်သာအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း နောက်ခံကစားသမားတစ်ဦးအနေနဲ့ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းစတင်ပြီး ၁၅ စက္ကန့်မှာပဲ နဘီခီတာရဲ့အဖွင့်ဂိုးကို ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာပဲ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မာနေး၊ ဆာလာတို့က နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပြီး ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးနောက်ခံကစားသမား အန်ဒီရောဘတ်ဆန်ဟာ ဒုတိယမြောက်ဦးဆောင်ဂိုးနဲ့ ပဉ္စမမြောက်ဦးဆောင်ဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပြီး ယခုရာသီမှာ ၁၁ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ရောဘတ်ဆန်ထက်ပိုပြီး တစ်ရာသီအတွင်း ၁၁ ကြိမ်ထက်ပိုမိုပြီး ဂိုးဖန်တီးပေးနိုင်တဲ့ နောက်ခံကစားသမားမျိုးမရှိသေးပါဘူး။ ရောဘတ်ဆန်ဟာ အဲဗာတန်နောက်ခံကစားသမားတွေဖြစ်တဲ့ လေတန်ဘိန်းစ်(၂၀၁၀-၂၀၁၁ ရာသီ)နဲ့ အန်ဒီဟစ်ချ်လင့်ဖ်(၁၉၉၄-၁၉၉၅ ရာသီ)တို့ စံချိန်တင်ထားတဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်နဲ့ ညီမျှသွားခဲ့ပြီဖြစ်ပါတယ်။

ရောဘတ်ဆန်ရဲ့အသင်းဖော် အလက်ဇန္ဒားအာနိုးလ်ဟာ ရောဘတ်ဆန်ရဲ့နောက်မှာ ၉ ကြိမ်နဲ့ ၂ ကြိမ်လျော့နည်းပြီး ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ရောဘတ်ဆန်က ၎င်းနဲ့ အာနိုးလ်တို့ဟာ အချင်းချင်း ဂိုးဖန်တီးမှု ဘယ်သူပိုပြုလုပ်နိုင်လဲဆိုတာ ယှဉ်ပြိုင်နေကြတာဖြစ်ကြောင်း ပွဲအပြီးမှာ Sky Sports ကို ပြောကြားခဲ့ပါတယ်။


Author


က္က