ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ယူနိုက်တက်ကွင်းလယ်မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့အတွဲအဖက်ကို အတူတကွပွဲထွက်ကစားတာမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း ကျေနပ်စရာဖြစ်လာမှာဖြစ်ပါတယ်။ 


ရှက်ဖီးယူနိုက်တက်နဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားက ကွင်းလယ်လူပေါ့ဂ်ဘာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ယူနိုက်တက်ကွင်းလယ်မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ့ဂ်ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့အတွဲအဖက်ကို အတူတကွပွဲထွက်ကစားတာမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း ကျေနပ်စရာဖြစ်လာမှာဖြစ်ပါတယ်။ 

ပေါ့ဂ်ဘာဟာ စပါးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲဝင်ရောက်ခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်လူက ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် ချေပဂိုးကိုလည်း သူ့ရဲ့အားထုတ်မှုကြောင့်ရရှိခဲ့တဲ့ ပယ်နယ်တီကတဆင့် ဖာနန်ဒက််စ်က သွင်းယူနိုင်ခဲ့ပါတယ်။ 

အဆိုပါပွဲမှာတော့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးရဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းတည့်တည့်ကို အံ့မခန်းပေးပို့မှုတစ်ခု ပြုလုပ်နိုင်ခဲ့့ပါတယ်။ ပေါ့ဂ်ဘာဝင်ရောက်လာပြီးမှ ယူနိုက်တက်အသင်းကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး တိုက်စစ်ပိုင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့ကာ ချေပဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း ဆိုးလ်းရှားက ပေါ့ဂ်ဘာကို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ခြေစွမ်းအပေါ်ကိုလည်း အသင်းပရိသတ်တွေကိုယ်တိုင်က ချီးကျူးပြောဆိုခဲ့ကာ ပိုမိုကြိုးစားပေးဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိမှာ အဆင့်ငါးနေရာရပ်တည်နေပြီး ချယ်လ်ဆီးအသင်းနဲ့ ၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့အချိန်ကို ရောက်ရှိနေတာဖြစ်ပြီး အားထားရတဲ့ ကစားသမားကို အသုံးပြုခွင့်ရမှာက ဆိုးလ်ရှားအတွက် အားတက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ထားပြီး ဆိုးလ်ရှားလက်ထက်မှာ အချိန်အကြာဆုံးရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။


Author


က္က