အသက် ၂၁ နှစ်သာရှိပါသေးတယ်။

ချဲလ်ဆီးအသင်းအတွက် သြဂုတ်လနောက်ပိုင်း ပထမဆုံးပွဲထွက်ကစားခွင့်ရချိန်မှာ ပြီးပြည့်စုံတဲ့ ဟက်ထရစ် သွင်းယူပြီး စံချိန်များစွာကို တင်ရှိလိုက်သူပါ။

ချဲလ်ဆီးက ဘန်လေကို အဝေးကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)မှာ အသင်းအတွက် တစ်ဦးတည်း ဟက်ထရစ်သွင်းဂိုးရယူပေးနိုင်ခဲ့တဲ့ အမေရိကန်လက်ရွေးစင် တောင်ပံကစားသမား ပူလီဆစ်က တော့ စံချိန်များစွာကို တပြိုင်နက်တည်း တင်ရှိနိုင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။



ပူလီဆစ်အနေနဲ့ ဒီနှစ်မှာဒေါ့မွန်ကနေ ချဲလ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နည်းပြသစ် လမ်းပတ်လက်ထက် သြဂုတ်လက စတင်ပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေသူပါ။

အကြောင်းကောတ့ သူ့ရဲ့ ကစားပုံနေရာနဲ့ အသင်းရဲ့ ကစားကွက် အံမဝင်ပဲ ဖြစ်နေခဲ့လို့ ဖြစ်ပြီး အခုအခါမှာ တော့နည်းပြလမ်းပတ်က သူ့ရဲ့ ပုံမှန်ကစားနေတဲ့ တောင်ပံ နေရာမှာ ကစားစေခဲ့ရာမှာတော့ ပူလီဆစ်ဟာ ပူလီဆစ်ဖြစ်ကြောင်း ချက်ခြင်းဆိုသလိုပဲ သက်သေပြလိုက်နိုင်တာဖြစ်ပါတယ်။

အခုလို ဟက်ထရစ်သွင်းဂိုးကြောင့် ပူလီဆစ်ဟာ ချဲလ်ဆီးအတွက် ပထမဆုံးဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အမေရိကန် လူမျိုးကစားသမားဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ပူလီဆစ်ရဲ့ သွင်းဂိုးနဲ့အတူ ချဲလ်ဆီးအသင်ဟာလည်း မတူညီတဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံက ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ပိုင်ဆိုင်ထားနိုင်ပြီလိုု့ သိရပါသေးတယ်။

ဒါ့အပြင် ပူလီဆစ်ရဲ့ ဟက်ထရစ်က ဘယ်ခြေ၊ညာခြေ၊ခေါင်းတိုက်သွင်းဂိုးတွေ ဖြစ်ခဲ့လို့ ပြီးပြည့်စုံတဲ့ ဟက်ထရစ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။



အခုလို ဟက်ထရစ်သွင်းဂိုးကလည်း ၂၀၁၂ ခုနှစ်က ကလင့်ဒမ်ဆေးက ချဲလ်ဆီးအတွက် ဟက်ထရစ်သွင်းပေးခဲ့ပြီးနောက် ဒုတိယမြောက် ချဲလ်ဆီးအတွက် ဟက်ထရစ်သွင်းပေးနိုင်တဲ့ အမေရိကန် ကစားသမားလည်း ဖြစ်ခဲ့ပြန်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး၊ ပူလီဆစ်ဟာ အသက် ၂၁ နှစ်နဲ့ ၃၁ ရက်ပဲ ရှိသေးလို့ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်ခဲ့ ပြန်ပါသေးတယ်။

ချဲလ်ဆီးမှာ ပူလီဆစ်လို ပြီးပြည့်စုံတဲ့ ဟက်ထရစ်ကို ဂန္တဝင်တိုက်စစ်မှူးကြီးဒီဒီယာ ဒရော့ဘာက ၂၀၁၀ ခုနှစ်က ဝီဂန်နဲ့ကစားခဲ့တဲ့ပွဲမှာ နောက်ဆုံးသွင်းထားလို့ ပူလီဆစ်ဟာ ၂၀၁၀ နောက်ပိုင်း ချဲလ်ဆီးအတွက် ပြီးပြည့်စုံတဲ့ ဟက်ထရစ်ကို ပြန်လည်ဖော်ဆောာင်ပေးသူ ဖြစ်လာခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က