ယူနိုက်တက်အတွက် ပွဲအများဆုံးကစားရတဲ့ နိုင်ငံခြားသားကစားသမားဖြစ်လာတာပါ။
Pyae Phyo Thein

ပရီးမီးယားလိဂ်ပွဲ ၃၀၉ ပွဲ၊ ပြည်တွင်းဖလားပွဲ ၃၄ ပွဲ နဲ့ ဥရောပပွဲ ၅၂ပွဲ၊ အခြားပြိုင်ပွဲ ၄ပွဲအထိ ကစားပေးထားခဲ့ပြီး ပေးဂိုးမရှိပွဲပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်ထားခဲ့တယ်လို့လည်း သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲအများဆုံးကစားပေးရတဲ့ နိုင်ငံခြားသားကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီးနောက် ယူနိုက်တက်ဂိုးသမားဒီဂီယာက သူ့အရင်စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တဲ့ ဂိုးသမားဟောင်းကြီးပီတာရှမိုက်ကယ်ကို စိတ်မကောင်းပါဘူးလို့ ပြောဆိုသွားခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဒီဂီယာဟာ ယူနိုက်တက်အတွက် ၃၉၉ ပွဲအထိ ကစားပေးခဲ့ပြိး ရှမိုက်ကယ်ထက် တစ်ပွဲအသာရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ မှာ အက်သလက်တီကိုကနေ ယူနိုက်တက်ကို ရောက်လာခဲ့ပြီးနောက် ၉ နှစ်အတွင်းမှာ ဒီဂီယာက ပွဲအများဆုံးကစားခွင့်ရတဲ့ နိုင်ငံခြားသားကစားသမားဖြစ်လာခဲ့တာပြီး ဂုဏ်ယူစရာမှတ်တမ်းကို ပို်င်ဆိုင်ခဲ့ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဂိုးသမားက "စိတ်မကောင်းပါဘူး၊ ရှမိုက်ကယ်၊ ခင်ဗျားရဲ့ စံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်တာက ဂုဏ်ယူစရာပါပဲ၊ ဒါက ဒီအသင်းမှာ ကျွန်တော်အချိန်အကြာကြီးရှိနေခဲ့တယ်ဆိုတဲ့သဘောပါပဲ၊ ပြီးတော့ ဒီအသင်းအတွက် ကစားပေးရတာ၊ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့တဲ့အတွက် တကယ်ဂုဏ်ယူမိပါတယ်၊ ပွဲအများကြီးကစားပေးခဲ့ရလို့လည်း ပျော်ရွှင်မိပါတယ်" လို့ ဒီဂီယာက MUTV က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

"ပွဲ ၄၀၀ ပြည့်မြောက်တော့မှာမို့လည်း ကျွန်တော်တကယ်ပျော်ရွှင်ပါတယ်" လို့ ဒီဂီယာက ထပ်ပြောခဲ့ပါတယ်။ ဒီဂီယာကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၃၀၉ ပွဲ၊ ပြည်တွင်းဖလားပွဲ ၃၄ ပွဲ နဲ့ ဥရောပပွဲ ၅၂ပွဲ၊ အခြားပြိုင်ပွဲ ၄ပွဲအထိ ကစားပေးထားခဲ့ပြီး ပေးဂိုးမရှိပွဲပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်ထားခဲ့တယ်လို့လည်း သိရပါတယ်။ 


Author


က္က